လ-ရွှေကြယ်မိုး
ဘယ်တုန်းကမှ မပူလောင်ခဲ့ဘူး
အမှောင်မှာသာ လင်းထင်းခွင့်ရှိသတဲ့
အရိပ်လေးမြင်ရရုံနဲ့ အေးစေတယ်
အဝေးကြီးမှာဆိုတော့လည်းမေးထူခေါ်ပြောတောင်
လုပ်လို့ မရ
အမှောင်တွေရယ်…အလင်းတွေရယ်
အပိုင်းအစတွေရယ် ခြားနားထားကြရဲ့…
ခုတော့…
ရွှေလမှာယုန်ဝပ်လို့  ဆန်ဖွပ်သည့်
အဖိုးအို
ဟောကြည့်ပါဆို ဆိုတဲ့ကဗျာလေး
ရွတ်တိုင်းဝမ်းနည်းနေရပြီ
ပြောပြကြပါ ကြယ်လေးတို့ ရယ်…
ဟောဒီ့ရင်မှာထိန်ထိန်သာခဲ့တဲ့
လမင်း
တစ်နေရာရာမှာ
ပုန်းအောင်းနေခဲ့သလားလို့ ပါ….
ရွှေကြယ်မိုး
Comment #3
pone nay de thu htwke lar p lar?
By: ei lay at Nov 24, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
oh…
great.
a yate ka lay myin ya yone ne aye say de,
a way g hmar so dot le mae htoo khaw pyaw taung loak loh ma ya.
he,he,,,tu tu be.