သင်းကွဲသူများ(၂) – တာရာမင်းဝေ
နှုတ်ဆက်ကြရအောင် အချစ်ရယ်
တို့ရဲ့ အတွေးအခေါ်က လင်းညိုခဲ့ပြီမို့လား
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ခုတော့ ကိုယ်တစ်ယောက်တည်း
အေးလေ… မင်းလည်း တစ်ယောက်တည်းပါပဲ
ကဲ… ခွဲကြစို့
နှုတ်ဆက်ခဲ့ပါတယ် အချစ်ရယ်…။
တာရာမင်းဝေ
http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်
Comment #2
သူငယ်ချင်းအားလုံးကိုသတိရခြင်းများစွာနဲ့စာရေးလိုက်ပါတယ်
ရက်စိမ်းကားမင်းမုန်းသွားလဲနောက်ဆုံးကျန်ရစ်
ငါ့အဖြစ်ကိုကြယ်လမင်းတောင်သနားနေတယ်
Comment #3
ကဗျာကောင်းလေးပါပဲ…
ကျေးဇူးပါ…
Comment #4
တစ်ကယ်ကို ခံစားရပါတယ်ဗျာ
Comment #5
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
အရမ်းကြိုက်တဲ့..ကဗျာပါပဲ
Comment #6
ကျောခိုင်းသွားကြရတယ်ဆိုပေမယ့်
တကယ်တော့ တစ်လမ်းတည်းပါပဲ
(အဲဒါကြောင့် ပိုဝေးတယ်လို့တောင် ထင်ကြရရဲ့)
ကိုယ့်ကို သတိရရင် ကဗျာလေးတွေ ရေးပါ
စိတ်အလျင်နဲ့ရေးထားတဲ့ ကဗျာလေးတွေက
မင်းကို စုန်းမီးတောက်ပြပါလိမ့်မယ်
ဆရာ…ကျွန်တော်လာသွားတယ်နော်
လေးစားလျက်
နိုးဆက် နေ့
Comment #1
သတိယလိုက်တာ ညီမလေးရေ ….