ဆေးပေါင်းခသောညမှာ ဆေးမတိုးသော နှလုံးသား
ဆေးပေါင်းခတဲ့ညမှာ ဆေးမတိုးတော့တဲ့
နှလုံးသားအကြောင်း တွေးနေမိတယ်
မဖြစ်နိုင်မှန်းသိပေမယ့်
ခါးသက်သက် မယ်ဇလီဖူးသုတ်ကို
ဒဏ်ရာတွေ သက်သာလိုငြား စားနေမိတယ်
မြင်ကွင်းတွေအားလုံး မီးရောင်စုံနဲ့
မျက်စိကျိန်းအောင်း လင်းနေပေမယ့်
အတိတ်အမှောင်ထုနက်ကို
မီးထွန်းဖို့ မကြိုးစားချင်သေးဘူး
မြူမှုန်တစ်စက်လေးတောင်မရှိတဲ့
ကောင်းကင်ပြာကြီးအောက်မှာ
အမှတ်တရတွေ ပြည့်ကျပ်နေတဲ့
နှလုံးသားနဲ့ ကျွန်တော်
သနားစွာ ငုံ့ကြည့်နေတဲ့
လမင်းကြီးရဲ့ ကရုဏာလည်း
ကျွန်တော့်ရင်ကို အေးချမ်းစေခြင်းငှာ
မစွမ်းတော့ဘူး
ပျံ့လွင့်လာတဲ့ သီချင်းစာသား
“ဆေးပေါင်းခတဲ့ည” ကို
တိုးတိတ်စွာ တုန့်ပြန်လိုက်တယ်
ဒီညဟာ အားလုံးဆေးပေါင်းခနေရင်တောင်
ကျွန်တော့်နှလုံးသားကတော့ ချွင်းချက်လို့
Comment #3
nice

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒိတ်တောင် အောက်သွားပြီဗျာနော် … ကဗျာကတော့ … ဒါပေမယ့်ဗျာ ဒီနှစ်က နတ်တော်လပြည့်မှ ဆေးပေါင်းခမှာတဲ့ .. မီသေးတယ်