ညီလေး
မိသားစုက အခြေမကျတော့ ညီလေးခမျာ အိမ်ရယ်လို့ အတည်တကျ
မနေရရှာဘူး
ဘ၀မှာ ကျိန်စာသင့်အိမ်လွမ်းနာတွေဒဏ်ရာပေါ်ဒဏ်ရာထပ်နေတဲ့အခါ
စိတ်အပေါက်အပြဲတွေကို ဘယ်လိုများပြန်ချုပ်နေလိမ့်မလဲညီလေးတစ်ယောက်
မိဘဆိုလည်း မိဘမို့ ညီအစ်ကိုမောင်နှမဆိုလည်း ညီအစ်ကိုမောင်နှမမို့
သူပဲ သံယောဉ်ကြီးနိုင်လွန်းတယ်
ဒီအသိုက်အမြုံလေးကနေ အတောင်မစုံသေးဘဲ ထွက်ခွာပျံသန်းနေရတဲ့ညီလေး
အစာတွေကိုက်ချီထားရင်း ဒီအသိုက်အမြုံလေးဆီ ပြန်ပျံလာတယ်တခါတလေ
အိမ်ပြန်ရောက်တဲ့အခါ ညီလေးက ရယ်သံတွေ လက်ဆောင်ပေးတယ်
ညီလေးငိုကြွေးနေတဲ့အခါ မိသားစုက အဝေးမှာ
ကိုသျှား
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပြန်လာပါစေ…ဆုတောင်းရင်းဖတ်သွားပါတယ်နော်