နေ (တာရာမင်းဝေ)
ကြယ်ကလေးတွေ စိုးစီစိုးစီနဲ့ပဲ
ငါ နိုးခဲ့ရ…။
မှော်ဆရာရဲ့ လွယ်အိတ်ထဲက
လွတ်ထွက်လာတဲ့နေလုံးလို
တစ်တောင်ပြီးတစ်တောင် နီလဲ့ခဲ့ရ…
ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။
တာရာမင်းဝေ
http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်
Comment #2
ငါ့ကြောင့် သူများတွေ ပျော်တာကိုကြည့်ပြီးတော့လည်း ငါပျော်တယ်။
Comment #3
သူများပျော်တာကိုကြည့်ပြီး ပျော်နေရတဲ့ဘ၀ ပါ ….
Comment #4
ငါဟာ ဘယ်တော့မှ တစ်ကိုယ်တော်မဖြစ်ခဲ့ပါဘူးကွယ်။
အားလုံးကို အဖျော်ဖြေ ခံတင်ဆက်တဲ့ ဘ၀ကိုမှ ရွေးချယ်ခဲ့မှတော့
သူတို့ပျော်ပါစေပေါ့
Comment #5
ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။ 🙂
Comment #6
ဘ၀က…အဖြည့်ခံ..ဖြစ်ခဲ့ရတော့…၀မ်းနည်းမှုတွေ..ကြေကွဲမှုတွေ…ကြေနပ်မှုတွေနဲ့ပေါ့……
Comment #8
ငါ ပျော်တယ်… ငါ့ဘာသာလည်း ပျော်တယ်
ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။………
အဲဒီလိုတော့ဖြစ်ချင်ခဲ့သား………………း(
Comment #9
ဟုတ်ပါတယ် ဘယ်တုန်းကမှ တစ်ကိုယ်တော်မဖြစ်ခဲ့ပါဘူး
သမီးတို့တွေနဲ့ အတူတူ အခုအထိရှိနေဆဲပါ…….
“အားလုံးကိုစွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်”
Comment #10
“ငါကြောင့် သူများတွေပျော်တာကိုကြည့်ပြီးတော့လည်း
ငါ ပျော်တယ်။
ငါဟာ
ဘယ်တော့မှ တစ်ကိုယ်တော် မဖြစ်ခဲ့ပါဘူးကွယ်။” …. အရမ်းကြိုက်တဲ့ စာသားလေးပါ ဆရာရေ … 🙂
Comment #11
ဟုတ်ပါတယ်၊၊ဆရာဟာဘယ်တော့မှတစ်ကိုယ်တော်မဖြစ်ပါဘူး။
ကာရန်တွေ၊စကားလုံးတွေကိုရဲရင့်စွာရိုက်ချိုး
ပျံသန်းခဲ့ဘူးတဲ့ကြယ်တစ်လုံးက
ငါတို့ရင်ထဲမှာအမြဲထွန်းလင်းနေမှာ။
Comment #1
နေတတ်ခဲ့တော့လည်း ကျေနပ်ခဲ့ရတယ်ပေါ့ရှင်….