“တစ်စစီ ကြေမွသွားတဲ့ မျှော်လင့်ချက်”
တိတ်ဆိတ်နေတဲ့ ခြောက်ကပ်ကပ်လမ်းမပေါ်မှာ
စက်ရုပ်တစ်ကောင်လို ငါလျှောက်နေမိတယ်
ကြယ်ရောင်မလင်းတဲ့ လမိုက်ညမှာ
လူသူမသိ တိတ်ဆိတ်စွာပဲ လွမ်းဆွတ်မိတယ်
သွန်းဖြန်းနေတဲ့ မိုးစက်တွေကြား
လျှောက်လှမ်းရင်းနဲ့ ငါငိုမိတယ်
အိပ်ပျက်ရတဲ့ ညနက်တွေလည်း
တစ်ဖြေးဖြေးနဲ့ ပိုများလာတယ်
ကွန်ပျူတာကို ကြည့်နေမိတဲ့
ငါ့မျက်လုံးတွေေ၀၀ါးလာတယ်
တောက်ပနေတဲ့ ငါ့မျှော်လင့်ခြင်းတွေ
တဖြေးဖြေးနဲ့ ပါးလှလာတယ်…
အမှုန်အစတွေအဖြစ် ကြေမွကွဲပျက်ကုန်တယ်
ငါ့စိတ်ဝိညာဉ်လေး တဖြေးဖြေးခြင်း
လွင့်ပါးသွားတယ်…
Comment #3
ဖတ်ပြီးခံစားသွားပါတယ်…အားပေးနေမယ်နော်

Comment #4
ခံစား..အားပေးသွားပါတယ်။…..ကဗျာတွေအများကြီးဆက်ရေးနိုင်စေ..လို့လည်း
ဆုတောင်းပေးနေပါတယ်။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးနေပါတယ်ဗျာ