( မောင်သိန်းဇော်)
မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က
လှိုင်းကို ငြိမ်းလိုက်ပြီ။
ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။
ဆူးပြွန်း အတွေးတွေ
ဆွေးမြေ့မှုကိုသာ ဆန့်ထုတ်လို့
ငါကိုယ်တိုင်လည်း
ငါ့အသံထဲ
လွမ်းလွင့်မျောပါချိန်ပေါ့
ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။
မိုင်ထောင်သောင်း ဝေးလံ အရပ်က
ရေနံတွင်း၊ ရွှေနဲ့ စိန်ထွက်ရာ မြေကြီးတွေ…
ငါ့သီချင်းကို စုတ်ယူကြ
အဲဒိရနံ့တွေ
လှိုင်းလိုတလိပ်လိပ်တက်လာ…။
အဲဒိရနံ့တွေ
ငါ…. ရိုက်ခွဲ ပစ်လိုက်တယ်။
ဒိထက်ပိုဝေးလည်း ဒိထက်ပိုမဝေးတော့ပါဘူး
နှင်းဆီကို ချစ်တတ်အောင် သင်ကြားဖို့
စောင်းတွေက
ဆူးကို ကြိုးညှိပေးခဲ့ရတာပေါ့
တစ်ညနေခင်းလုံး
ငါ့ဆီ မှိုင်ငေးနေတဲ့ တိမ်တွေ
အလွမ်းက ကျွတ်လွတ်ဖို့
မြူဆွယ်အား ကောင်းကောင်း
ကံတရား လှပတာ လိုချင်ရဲ့။
ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။
ကိုယ့်အရိပ်တောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့ လောင်ကျွမ်းနေသူ
ဆောင်းလေ
ငါ့….ကို…ရှာ…ဆဲ။
မောင်သိန်းဇော်
Comment #2
ဖတ်ရတာ မချိတင်ကဲကြီးဗျာ ရှယ်ပဲ…….
Comment #3
မျက်မြင်သက်သေ မရှိတဲ့အတွက်
ပင်လယ်က
လှိုင်းကို ငြိမ်းလိုက်ပြီ။
ဒိထက်ပိုဝေးလည်း
ဒိထက်ပိုမဝေးတော့ပါဘူး။
Comment #1
ကဗျာကောင်းလေးဖတ်ခွင့်ရလို့ ဖြိုးဖြိုးရေ ကျေးဇူးပါ