ဆေးမင်ကြောင်
တစ်ခါတုန်းက ..
လက်ဖျံမှာ အရုပ်တွေနဲ့ သူငယ်ချင်းတစ်စု
ကမ္ဘာကြီးကို
လက်ဖျံမှာထိုးပြီး
ခရီးသွားခဲ့ကြတယ် …
နောက်ဆုံးကျမှ ..
ကမ္ဘာကြီးရဲ့ ကိုယ်ပေါ်က
ဆေးမင်ကြောင်ရုပ်တွေဟာ
ငါတို့မှန်း
သိခဲ့ရ ……
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service