နင်ပေးခဲ့ဖူးတဲ့
နင်ပေးခဲ့ဖူးတဲ့ အမှတ်တရတွေက
အခုချိန်ထိ ငါ့အတွက် ခါးသက်နေဆဲပဲ
နင်ပေးခဲ့ဖူးတဲ့ အနမ်းတွေက
အခုချိန်ထိ ငါ့အတွက် လတ်ဆတ်နေဆဲပဲ
နင်ပေးခဲ့ဖူးတဲ့ ဒဏ်ရာတွေက
အခုချိန်ထိ သွေးစိမ်းရှင်ရှင်ထွက်နေဆဲပဲ
နင်ပေးခဲ့ဖူးတဲ့ အချစ်တွေကို
အခုချိန်ထိ ငါတမ်းမက်နေဆဲပဲ
နင်ထွက်သွားခဲ့တဲ့ မိုးသည်းနေ့က
ငါ့ရင်ကို နာကြင်နေဆဲပဲ
နင်ငါ့အနားကို ပြန်လာဖို့
ငါခုထိ နေ့စဉ်ရက်ဆက် စောင့်မျှော်နေဆဲပဲ…..
Comment #2
read again & again
By: ei lay at May 29, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
nice poem,
so strong.