ဆက်ချစ်ပါရစေ
မနက်မိုးလင်းပြီဆိုတာနဲ့ ငါ့အတွေးထဲကိုရောက်လာတာ နင်ပါ
ဒီအချိန်မှာ နင်ဘာလုပ်နေမလဲ ငါတွေးမိပြန်တယ်
ငါနင့်ကို အချိန်တိုင်းသတိရနေချိန်မှာ
နင်အလုပ်တွေရှုပ်နေသလား ငါမဟုတ်တဲ့အခြားတစ်ယောက်အကြောင်းကိုစဉ်းစားနေမလား
ငါက နင့်ကိုပျော်ရွှင်စေချင်သူပါ
နင်ပျော်ရွှင်ဖို့အတွက် ငါ့နှလုံးသားကို စတေးရမယ်ဆိုရင်တောင်
ငါရင်ကွဲခံပြီး နင့်ကိုပျော်ရွှင်စေပါမယ်
ငါနင့်အပေါ်ထားတဲ့အချစ်က ဖြူစင်ပါတယ်
ဘာအရောင်မှမပါဘူးလေ…
နင့်ကိုရယူလိုခြင်း ပိုင်ဆိုင်လိုခြင်းမရှိဘူး
ငါက နင့်ကိုချစ်နေရရင် ကျေနပ်ပါတယ်…..
ငါနင့်ကို ဆက်ချစ်ပါရစေ……
Comment #2
nin pe..
nin pe
ta chain lone nin pe..
By: ei lay at Nov 29, 2011
Comment #4
😛
😛
😛
By: ei lay at Jul 27, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
oh,,,,
so generous.
i can’t.