မိခင်မြတ် ဧရာဝတီ ရှင်သန်ခြင်းရဲ့ ၀ဲယာမှ ငါတို့ ဗမာပြည်သားတွေရဲ့ သွေးပြန်ကြော သန်းချီရှိတယ်
မိခင်မြတ် ဧရာဝတီ ရှင်သန်ခြင်းရဲ့ ၀ဲယာမှ
ငါတို့ ဗမာပြည်သားတွေရဲ့ သွေးပြန်ကြော သန်းချီရှိတယ်
အပိုင်း………… ၁ ။
မိခင်မြတ် ဧရာဝတီဟာ သီလ သမာဓိ ဖြူစင်မြဲမြံခြင်းကြောင့်
နှစ်ပေါင်း ၄၅ သန်းကျော် ဖြတ်သန်းခဲ့။
အခု မတော်လောဘသားများကြောင့် ဒို့ မိခင်မြတ်ဧရာဝတီ
လူသားများစွာရဲ့ အကျိုးသယ်ပိုးထမ်းဆောင်ခွင့် မရတော့မှာကို
စိုးရိမ်သောကစိတ်ရဲ့ အကျိုးသယ်ပိုးထမ်းဆောင်ခွင့် မရတော့မှာကို
စိုးရိမ်သောကစိတ်နဲ့ ငိုခဲ့ရက်ပေါင်းများခဲ့ များခဲ့ပြီ။
သိလား …… လန်ဂွေ ကတော့ မိခင်မြတ်ဧရာဝတီအတွက် ဘေးမသီရန်မခဖို့
နေ့စဉ် ဆုတောင်းပေးနေလေရဲ့ …… ။
နန်ချောင် ‘‘ လူပေ ’’ ……။ မော ‘‘ နမ့်ကျို ’’ ……
မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းရာ ဒီသက္ကရာဇ်အထိ။
ရွှေမှုန်လိုလင်းလတ် ရွှေသဲမြစ်ရေ ……
တစ်ချိန်တုန်းက ‘‘ ယန်စီမြစ်ကြီး ’’ ရဲ့ ‘‘ လိရွှေ ’’ လို ဒို့ပြည်သားတွေကလက်မခံ။
မိုင်ပေါင်း ၁၃၅၀ ကျော် လှပစွာ စီးဆင်းရစ်မြဲ မိခင်မြတ်ဧရာဝတီ
ကမ္ဘာက အသိ ………………………………။
အပိုင်း………… ၂ ။
မင်းတို့ မြစ်ဝါမြစ်ကိုလည်း တန်ဖိုးမထား
မင်းတို့ ယန်စီမြစ်ကိုလည်း တန်ဖိုးမထား
မင်းတို့မြစ်ကို မင်းတို့ပိုင်ဆိုင်တဲ့ မြစ်များစွာကို ဖျက်စီးဖြစ်လို့ အားရပြီးနောက်
ဒင်းတို့ မျိုးဆက်သစ်များစွာက ငါတို့ ဗမာပြည်သူပြည်သားတွေ
ရင်နဲ့အမျှ အလွန်တရာ တန်ဖိုးထားဆဲ မိခင်ဧရာဝတီမြစ်ကို
ဘီလျှံ အားကိုးနဲ့ လူသားချင်း ခြစားသူ အနည်းစုနဲ့ ပူးပေါင်းပြီး
ငါတို့ ဗမာပြည်ရဲ့ အာဟာရ ကွန်ယက် အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားအောင်
ပြုလုပ်ဖို့ ……. ဒင်းတို့ ရောက်လာကြတာ အားလုံးအသိ ……. ကမ္ဘာကလည်းအသိ။
ဗမာပြည်ရဲ့ အသက်သခင်။ ။
ဗမာပြည်ရဲ့ အရှင်သခင် ။ ။
ဧရာဝတီ မိခင်မြတ်ကို ကာကွယ်ဖို့
ဒို့ ဧရာဝတီရဲ့ အသံနဲ့အတူ ဒို့ခြေလှမ်းတွေ ဘယ်တော့မှ နောက်မဆုတ်။ ။
မိခင်မြတ် ဧရာဝတီနဲ့ နူးညံ့တဲ့ အသည်းနှလုံးသားကို သင်တို့ ဘယ်တော့မှ ရမှမဟုတ်
ငါတို့ရဲ့ အသက်နဲ့ သွေးပြန်ကြောတွေ အမြဲရလိမ့်မယ်။ ။ ……… ။
အပိုင်း………… ၃ ။
မေခ ….. မေလိခ အထက်ပိုင်းဆန်ပြီး
မိခင်မြတ် ဧရာဝတီမြစ်ကြီးကို ဖျက်စီးမယ့် ကိန်းကြီးသူတွေ
ငရဲ ။ ။ ငရဲ ။ ။ ငရဲ ။ ။ ကျပါစေ ……………..
သဘာဝ ပတ်ဝန်းကျင် တဖြေးဖြေး ဆွေးမြေ့ ပျက်စီးစေဖို့ ကြံဆောင်ခဲ့တာတွေ
မတော်လောဘတွေဆိုရင်ပေါ့။
တောင်ပေါ်မြေပြန့် အနာတရတွေ ထာဝရ ပျောက်ကင်းဖို့
မိခင်ဧရာဝတီမြစ်မင်း အစဉ်ထာဝရ ရှင်သန်စီးဆင်းနေမယ်ဆိုရင်
ကမ္ဘာမြေကြီးလည်း ထာဝရ ငြိမ်းချမ်းလိမ့်မယ်
ထပ်လိုမယ်ဆိုရင် ဒို့သွေးပြန်ကြောတွေ ဒို့ထပ်ပေးဆပ်ရလိမ့်မယ်။ ။
အပိုင်း………… ၄ ။
မိခင်မြတ် ဧရာဝတီကို ဖျက်စီး ရိုင်းစိုင်း သစ္စာဖောက်မယ့် လူသားတချို့
ငွေကြေးအဖုံဖုံနဲ့ ကူးလူးဆက်ဆံနေကြ
မိခင်မြတ်ဧရာဝတီကို
ရိုသေဖို့ မေ့နေကြတဲ့ လူစာနာစိတ် လုံးဝမရှိတဲ့ အသံရိုင်းများ
ထာ … ၀ … ရ … ကျ … ရှုံး … ပါ … စေ ။ ။ ။ ။..
အပိုင်း………… ၅ ။
မိခင်မြတ် ဧရာဝတီ
ထာဝရ ရှင်သန်စီးဆင်းဖို့
ငါတို့ရဲ့ အူလှိုက် သည်းလှိုက်
သွေးပွက်ပွက်ဆူသံတွေ
ကမ္ဘာ့ဗဟိုချက်မ တည့်တည့် ….. သို့
ထိုးခွဲသံများအဖြစ် ပြောင်းခဲ့ပြီ ဆိုတာ ။ ။
မှတ်ချက် ….
မိခင်မြတ် ဧရာဝတီ ထာဝရ ရှင်သန်ခြင်းများစွာ
နဲ့
စိတ်လွတ်ကိုယ်လွတ် ငြိမ်းချမ်းစွာ
အေးအေးငြိမ့်ငြိမ့် စီးဆင်းနိုင်ပါစေလို့ ။ ။
ကလင့် ( မန္တလေး )
Comment #1
လေးစားစွာ ဖတ်သွားပါတယ်ခင်ဗျာ