ကျနော်နားမလည်ခဲ့သော အဖြေ (သို့) ညီမျှခြင်းရဲ့သား မညီမျှခြင်း
မျက်ဝန်းနှစ်ဖက်စလုံးက သမုဒ္ဒရာတစ်ခုစာ အရည်ပျော်ဖြစ်သွားတယ် . . . ဟုတ်တိပတ်တိ မရစ်နှောင်ခဲ့ပဲနဲ့ သူ(မ)ကို သွားခွင့်ပြုလိုက်တယ်။ သူ(မ)ကို မဆုံးရှုံးလိုက်ပါဘူး … သူ(မ)နဲ့ ပါသွားတဲ့ ကျနော့်အသက်ဗူးလေးကိုတော့ ဆုံးရှုံးလိုက်ရတယ် … မျက်ရည်ဇတ် ခင်းပြတော့ သူ(မ)က သနားမတဲ့(လား) …။ အကြီးအကျယ်ဆုတ်ပြတ်ပြနေလိုက်တာ သူ(မ)ကို လွှတ်လိုက်ပြီးလို့ … ကိန္နရာမလေးရေ လွတ်ရာကို ပျံသန်းသွားလေတော့ …။။။
သူ(မ)ဟာ ကျနော်နားကြပ်လေးဖြစ်ခဲ့ … ကျနော်တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အခါ နားကြပ်လေးကို ၀တ်လိုက်တယ် … ကျနော်ပျင်းရိတွဲလံတဲ့အခါ နားကြပ်လေးကို ကမ္ဘာကြီးနဲ့ ဆက်သွယ်လိုက်တယ် … သူ(မ)ဟာ ဟာသဖြစ်ရဲ့ … သီချင်းတစ်ပုဒ်ဖြစ်ရဲ့ … ရေဒီယိုဖြစ်ရဲ့ … အသည်းစွဲလူရွှင်တော် ဖြစ်ရဲ့ … အင်တာနက်ဖြစ်ရဲ့ …
ခမ်းခမ်းနားနားမြတ်စွန်းလိုက်တာမရှိသလို ကြီးကြီးကျယ်ကျယ်ပေးဆပ်လိုက်ရတာလဲ ရှိဘူး … နှစ်ယောက်စလုံးရဲ့ ကြားမှာ ညီမျှခြင်းတစ်ခုပဲ ရှိခဲ့တယ် … တကယ်လို့ ညီမျှခြင်းတစ်ဘက်မှာပဲ နှစ်ယောက်စလုံးမြတ်မြတ်နိုးနိုးနေလိုက်မယ် ဆိုရင် သုညတစ်လုံးက အခြားတစ်ဘက်မှာ ပေါ်လာလိမ့်မယ် … နှစ်ယောက်လုံးဖမ်းလည်း ဖမ်းလို့မမိတဲ့ အဲဒီသုညကို ဖမ်းမိခဲ့ပြီး သတ်ပစ်လိုက်တယ် ဆိုရင်တောင် မှ (ဘာထူးမှာလဲ) … ဘာမှ မရှိခြင်းဟာလဲ သုညပဲ မဟုတ်လား … နှစ်ယောက်စလုံးရဲ့ အခြားတစ်ဖက်မှာ တန်ဖိုးရှိဖို့ တစ်ယောက်ယောက် က စွန့်ခဲ့ရမယ့် ပိုမြင့်တဲ့ တန်ဖိုးလိုတယ် …
၃ = ၁
၂ = ၁ + ၁
(သို့)
၁ = ၁
ဝ = ၁ (- + x –ွံ ) ၁ (သို့) ၁ (- + x –ွံ ) ၁ = ဝ
သူ(မ)နဲ့ ကျနော် အရမ်းမဝေးပါဘူး … ညီမျှခြင်းတစ်ခုစာလောက်ပါပဲ … ပြက္ခဒိန်တွေဆွေးလာတဲ့အခါ ညီမျှခြင်းက မညီမျှခြင်းတွေ ဖြစ်လာခဲ့ . . .
သူ(မ)ရောက်လာတော့ ပုံပြင်တွေ တစ်ပုံကြီးပေးခဲ့ပြီး ထွက်သွားတော့လည်း ပုံပြင်တွေ တစ်ပုံကြီးနဲ့ ထားခဲ့တယ် … ကျနော့်အတွက်တော့ သူ(မ)ဟာ စိတ်ဝင်စားစရာအကောင်းဆုံး ဇတ်လိုက် … သူ(မ) ကျနော့်ကို ဘောပင်လက်ဆောင်မပေးခဲ့ပါဘူး … သူ(မ) ကျနော့်ကို ဘောပင်တစ်ချောင်းကို တန်ဖိုးထားတတ်အောင် သင်ပေးခဲ့တယ် … အဆုံးမှာတော့ သူ(မ)ဟာ ကျနော့်ရဲ့ လက်တစ် ဖက် … အဆုံးရဲ့ အဆုံးမှာတော့ ကျနော်လက်(နု)လေးကျိုးကျ အရာအားလုံးဟာ ကြိုးပြတ်နေတဲ့ ရုပ်သေးပဲပေါ့ …။ ကျနော် မျက်လုံး ကို မရဲတရဲပြန်ဖွင့်ကြည့်တော့ သူ(မ)ဟာ လက်ဆုပ်လက်ကိုင်ပြစရာမရှိတဲ့ နာမည်လေးတစ်ခုလောက်သာ ဖြစ်နေပါပြီ …
သူ(မ)နဲ့ ပြီး(ပြတ်)ပြီ … သူ(မ)နဲ့ ဆက်ရန် ရှိသေးသည် … ရှင်းရှင်းပြောရရင် လမ်းခွဲမြေဟာ သနားစရာကောင်းလို့ … ခြောက်သွေ့လို့ … မျက်ရည်တောင်မ၀ဲခဲ့ဘူး …
နှုတ်ဆက်ပါတယ် … ပြောတော့ သူ(မ) ရယ်တယ် … ပြန်တွေ့ဖြစ်မှာပါ … တဲ့ …
သူ(မ)ကို အိပ်မက်မမက်ခဲ့ဖူးပါဘူး … သူ(မ)ကိုယ်တိုင်က ကျနော်အိပ်မက်ဖြစ်နေပြီး သူ(မ)ဖြစ်စေချင်သော ဆန္ဒများ အတိုင်း ကျနော်လင်းလင်းလက်လမ်းလျှောက်တတ်နေပါပြီ … 🙂 . . . 🙂
အရှိကို အရှိတိုင်းသာ …
လျံနိုး
၂၅၊ ၁၁၊ ၂၀၁၁ ၉း၀၄ မိနစ်(ည)ဖိလစ်ပိုင်စံတော်ချိန်
ခေတ္တမနီလာ 🙂
Comment #2
i feel really nice when i read this poem 3rd time.
Comment #1
wow,,,,,,,,
wow,,,,,,
lots of ideas