အသံ-ရွှေကြယ်မိုး
ဘ၀မှာတေးသီချင်းတွေကပဲနားဆင်စရာ
မဟုတ်မှန်းသိခဲ့ပြီ…
‘အသံ’တစ်သံက ဘယ်ဂီတကိုမှ
နားမ၀င်စေတော့ဘူး…
ငါကလည်း ဘယ်ဂီတကိုမှ နားမယောင်တော့ဘူး
ဒီ ‘အသံ’လေးကပဲငါ့ဘ၀ကိုဆိုညည်းပြတယ်
တစ်ယောက်တစ်နေရာစီဆိုပေမယ့် ဒီအသံက
ငါ့နှလုံးသားနဲ့ အနီးစပ်ဆုံးမှာရှိတယ်…
ငါရယ်…ဆောင်းရယ် ကြားမှာ နှင်းကျသံတွေ
လုံးဝလုံးဝမရှိ…ု
မအံ့သြကြပါနဲ့ …
ခေါင်မိုးပေါ်က အသံ ‘တဖျောက်ဖျောက်’ဟာ
အဝေးက အိပ်မက်လေးရဲ့ ရယ်သံပါ…
သြော်…ပြက္ခဒိန်တွေ နှုတ်မဆက်ပဲရွေ့ သွားကြပြီ
ကြယ်တွေလည်း ငါ့မစောင့်ပဲကြွေသွားကြပြီ
နှုတ်ဆက်ပါတယ်…
ပြင်ပအသံတွေမရှိတဲ့ တိတ်တဆိတ်သောင်ယံမှာ
အသံလေးရယ်…ငါရယ်…ရှိနေပါဦးမယ်
ရွှေကြယ်မိုး
Comment #2
so romantic.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ပြင်ပအသံတွေမရှိတဲ့ တိတ်တဆိတ်သောင်ယံမှာ
အသံလေးရယ်…ငါရယ်…ရှိနေပါဦးမယ်