Professional Authors

နှစ်ဆဲ့တစ်ရာစု ဒဿန

ငါ့နှလုံးသားက ပေပေတေတေ
အနစ်နာခံ အလိုက်ထိုက်နဲ့
ရေလာမြောင်းပေးရင်း နင်ဘက်ကိုချောင်းဖြစ်စေခဲ့
နင်မသိသော ငါလက်ရာတွေ
စားသောက်ရင်း ပီဇာ ခေါက်ဆွဲ
ကော်ဖီတွေလည်း အေးခဲလို့
အသိမှတ်ပြုတဲ့ ငါ့ဖိတ်စာတွေ
နင့်ရင်ဘက်ထဲမှာ အရောင်မတောက်တော့
စိတ်ညစ်မိတယ် နေ့တိုင်းပေါ့…။

မတန်ဘူးလို့ နင်ထင်ထားတဲ့
ငါ့ စားသောက်ကုန်တွေက ဂိုထောင်ထဲမှာ
ပုတ်သိုးမသွားအောင် ထိန်းသိမ်းရင်း
နင် စားဖို့တွက် နေရာပေးခဲ့
နင်..သာ မသိတာပါ ငါ့ မှာတော့
နစ်နစ်နာနာနဲ့ ကူပွန်ပေးလိုက်မိတယ်..
နင့် အတွက် ငါ ပေးတဲ့ .. အောင်လက်မှတ်ပေါ့..။

ကမ္ဘာဦးက ရှိခဲ့တဲ့ ငါတို့ သိက္ခာတွေ
ရွှေပေးလို့ မရဘူးလို့ ပညာရှင်တွေဆိုခဲ့
ဒါပေမဲ့ ငါ.. ရိက္ခာတွေကို ဖဲ့ချိုးလို့
ငါ.. နင့်ကို အရိပ်တစ်ခုလို
ရေလာ မြောင်းပေးရင်း နင့်.. အရှေ့မှာ
ဖွင့်မပြောသော်လည်း နင်… ပြောလာတဲ့
ဖေဖဝါရီ (၁၄)ရဲ့ ချောကလက် တစ်ကိုက်ကို
မျှော်တလင့်လင့် စောင့်မျှော်မိခဲ့တာ.. အခုထိပေါ့..။

ဒါပေမဲ့…
ငါ.. နင့်ကို ကော်ဖီတစ်ခွက်နဲ့
စောင့်မျှော်ရင်း ကွန်ပြူတာတွေလည်း
စက်ဟန်းသလိုဖြစ် နက်ဝက်(စ်)ကွန်ရက်က
နင် ပေးခဲ့တဲ့ လိပ်စာတွေထဲ ရှုပ်ထွေးလို့
လမ်းဟောင်းလေးတိုင်း ပြန်လျှောက်ခဲ့
ငါ မသိသော နေ့ရက်များအောက်မှာ
နင်က ငါကို အိပ်မက်တွေပေးလို့
ငါမှာ လမိုက်ည တစ္ဆေခြောက်သလိုနဲ့
စိတ်တွေ ခြောက်ခြားရင်း
ငါရှေ့က ကော်ဖီခွက် နင့်အတွက်နဲ့ အေးခဲ့ပြီး…။

တက္ကသိုလ်မြတ်မင်း

In: ကဗျာ Posted By: Date: Nov 29, 2011
Comment #1

ဒါပေမဲ့…
ငါ.. နင့်ကို ကော်ဖီတစ်ခွက်နဲ့
စောင့်မျှော်ရင်း ကွန်ပြူတာတွေလည်း
စက်ဟန်းသလိုဖြစ် နက်ဝက်(စ်)ကွန်ရက်က
နင် ပေးခဲ့တဲ့ လိပ်စာတွေထဲ ရှုပ်ထွေးလို့
လမ်းဟောင်းလေးတိုင်း ပြန်လျှောက်ခဲ့
ငါ မသိသော နေ့ရက်များအောက်မှာ
နင်က ငါကို အိပ်မက်တွေပေးလို့
ငါမှာ လမိုက်ည တစ္ဆေခြောက်သလိုနဲ့
စိတ်တွေ ခြောက်ခြားရင်း
ငါရှေ့က ကော်ဖီခွက် နင့်အတွက်နဲ့ အေးခဲ့ပြီး…။

တက္ကသိုလ်မြတ်မင်း

commentinfo By: yaewintaung at Nov 29, 2011
Comment #2

သူငယ်ချင်းရေ… အခုလို အားပေးသည့်အတွက် ကျေးဇူးတင်ပါတယ်နော်….။

Leave Comments

Name*

Email*
Website
Email me whenever there is new comment