သတိ..ဂျိုကာငိုနေသည်
မှတ်မိကြလား…
ကျုပ်လေ….
ဂျိုကာလို့ခေါ်ကြတဲ့လူတစ်ယောက်
အဲဒါကျုပ်ပဲ….
အားလုံးပျော်အောင်
ကျုပ်ဖြေဖျော်ခဲ့ဖူးတယ်…
ခံစားချက်တွေဆေးခြယ်ပြီးတော့ပေါ့….
ဒါပေမယ့်…
ဆေးရောင်အောက်က ၀မ်းနည်းခြင်းတွေကို
ဘယ်သူများ သတိထားမိလိုက်သလဲ…..
တခါတလေလောက်များမြင်အောင်ကြည့်ကြစမ်းပါ…..
ကျုပ်မှာလဲခံစားချက်တွေရှိတယ်
လူသားတစ်ယောက်ဖြစ်တဲ့အတွက်
ဝမ်းနည်းခြင်းဆိုတာတွေရှိတယ်….
ဒါတွေကို ဆေးခြယ်ဖုံးကွယ်ပြီး
ခင်ဗျားတို့ပျော်အောင်
ကျုပ် အသုံးတော်ခံခဲ့တယ်……
ခင်ဗျားတို့မသိကြပါဘူး…
ကျုပ်အသည်းကွဲတယ်….
တခါတခါမျက်ရည်ကျမိတယ်
ခက်တာက…
ကျုပ်မျက်ရည်တွေခင်ဗျားတို့မမြင်ဘူး…
မရယ်ကြနဲ့လေဗျာ..
ကျုပ် ဟာသလုပ်ပြနေတာမဟုတ်ဘူး…
ကျုပ် အသုံးတော်ခံနေတာမဟုတ်ဘူး…
တခါတလေလောက်တော့ ငိုပါရစေဗျာ….
ဟန်ဆောင်တာတွေခွာချပြီး
ကျုပ်ငိုချင်တယ်….
ဆေးရောင်အောက်က မျက်ရည်တွေ
ထင်ထားတာထက် ခါးသက်တယ်….
တယ်ခက်တဲ့လူတွေပဲ…
ဂျိုကာ ငိုနေတာကိုတောင်
ဟာသလုပ်ပြနေတယ်ထင်ကြသေးတယ်နော်…..
ရယ်ကြပါ… ရယ်ကြပါ….
ဒါပေမယ့်…
ဒီတစ်ခါတော့
ကျုပ်… ဟာသလုပ်ပြနေတာမဟုတ်ဘူးးးးးးး
Comment #2
မင်းကိုချစ်တဲ့သူ လာဖတ်သွားပါတယ်ဗျာ…
သတိ… ဂျိုကာမငိုရ…
သူများ အပြုံးတော်ဆောင် ဂျိုကာလေး ကျုပ်တို့ကမြင်ပါတယ်ဗျာ… တခါလေတော့လဲ အပြုံးတော်ဆောင်ထက် အသုံးတော်ခံမဖြစ်စေနဲ့ပေါ့…
လူအချင်းချင်းကိုယ်ချင်းစာမိပါတယ်… လူတိုင်းမရနိုင်တဲ့ ဂျိုကာဘွဲ့ကိုရထားပြီးမှ လူသိအောင်တော့ မငိုပါနဲ့…
မငိုပါနဲ့ဗျာ… မငိုပါနဲ့…

Comment #5
ဂျိုကာလဲငိုတက်တယ်ဆိုတာ သိကုန်ပြီ ..

Comment #6
မှန်တယ် မှန်တယ် ဂျိုကာလည်းလူဘဲ ငိုချင်တော့လည်း ငိုမှာပေါ့
ကောင်းတယ်ဗျ ကဗျာလေး
အားပေးသွားကြောင်းပါ ~~

Comment #7
that’s right,,,
why not?
u can do as u like.
don’t conrol urself so much,
all r people having emotion.
so u r right,

Comment #1
ဂျိုကာဆိုတာငိုဘူးလေ
ဘယ်ယုံမလဲ
မငိုပါနဲ့
အမြဲပျော်အောင်လုပ်နိုင်ဖို့
မငိုရဘူးလေနော်