ကမ္ဘာဦး အမ်အေ
ဥပဒေမဲ့တဲ့ ကောင်းကင်ယံမှာ
ပန်းချီကားတစ်ချက်ကို ရေးဆွဲရင်း
ကာရံမဲ့ ကဗျာတစ်ပုဒ်ရဲ့ ဖော်မြူလာနဲ့
ကျမ်းပြုခဲ့တာ အမ်အေ အပေါင်း (မ) ကို ရခဲ့တယ်..။
မျှော်လင့်ချက် ကောင်းကင်ယံမှာ
ကာရံတွေနဲ့ တံတိုင်းဖွဲ့ရင်း
အမည်မဲ့ လိပ်စာတစ်ခုကို
ရှာဖွေစုံစမ်းခဲ့တာ မရှိမသိတဲ့
အမ်အေ အပေါင်း (မ) ကို ရခဲ့တယ်…။
အဆုံးအစမဲ့ ခရီး မိုးသားပြင်ကျယ်မှာ
အထီးကျန် တပင်တိုင် နန်းစံရင်း
ကြယ်တွေရေတွက်လာတဲ့ ကဗျာတစ်ပုဒ်နဲ့
ကောက်ကြောင်းတွေက သဏ္ဍာန်မဲ့ အဖြေထုတ်ခဲ့တာ
အခုတော့ အမ်အေ အပေါင်း (မ) ကို ရခဲ့တယ်…။
ဘဝနိယာမတစ်ခုရဲ့ ကြမ်းပြင်ပေါ်မှာ
ကြမ်းတိုက် ခွက်ဆေးရင်း အခြေခံလူ့သမိုင်း
ရေသောက်မြစ်ခြေကို မြင့်တင်ဖို့
ကြိုးစားနေဆဲ အခိုက်တန့်မှာ
အမ်အေ (မ) ဆိုတာ အတိတ်မေ့လို့
လူ့တာဝန်မဲ့ခဲ့တာ အပြစ်လား….။
တန်ဘိုးထားတက်တယ် တန်ဘိုးရှိရင်ပေါ့
မတန်ရာ သဘောတရားတွေနဲ့
နိယာမနှစ်ခုက ဗျူဟာနည်းစနစ်တွေခင်းလို့
ပြန်လှန် တိုက်ခိုက် အနိုင်ယူကြရင်း
အမ်အေ (မ) ရဲ့ စစ်ဝင်္ဂဘာတွင်း
နပိုလီယံ စစ်ဘုရင်ကြီး ကျဆုံးခန်းရောက်ခဲ့တာ
သမိုင်းမှာ ထင်ကျန်ခဲ့ပြီလေ…။
အထင်ကရတွေက ဥပဒေမဲ့
တံတိုင်းမရှိတဲ့ ကောင်းကင်ပြင်ထဲ
တေလေလို လေလွင့်ရင်းနဲ့
စားကျက်ပျောက်လို့ အစားရှာထွက်တဲ့
ခြင်္သေတကောင်ရဲ့ သတ္တိက
အရိုင်းတောမှာ ဘုရင်ဖြစ်
မနှစ်မျို့တဲ့ ရန်ဆောင်ခြင်းထဲ
ရွှေသမင်မျက်လုံး ဇင်ယော်တောင်မျက်ခုံး
ငါးရံကိုယ်လုံး ခရုရောင်အပြုံးတွေနဲ့
ရ စရာမရှိအောင် တင်စားထားတဲ့
အမ်အေ (မ) တယောက် ပါဝင်ခဲ့လို့ပေါ့..။
မျှော်လင့်ချက် မမဲ့သေးခင်
အသက်ရှင် နေထိုင်ဖို့အတွက်
အမ်အေ (မ) ဖြေအုန်းပေါ့…။
တက္ကသိုလ်မြတ်မင်း
Comment #4
ကဗျာအတွက်ရော…ယောကျာင်္းလေး… မိန်းကလေး…အဓိပ္ပယ်အတွက်ရော..လေးစားပါတယ်ဗျ..

Comment #1
အမ်အေမ က ?