ကျွန်တော်နှင့်ကျွန်တော်ချစ်သောဆရာမလေး-ရွှေကြယ်မိုး
“ကြမ်းကျွံရင်နှုတ်ရလွယ်တယ်”တဲ့
မေတ္တာလွန်ရင် ဆုတ်ရခက်မယ်
အတတ်ဆန်းနဲ့ မနမ်းပါဘူး…
အခက်လမ်းမှာနွမ်းသွားမှာစိုးလို့ ပါ
ဒီအတိုင်းနေရင်
ဒီအတိုင်း ကြွေသွားလိမ့်မယ်
ဒါကြောင့် …ခွါသံတွေကို တဖျောင်းဖျောင်းခတ်
နိုးမထချင်တော့လောက်အောင် အိပ်မက်တွေ
ကဆုန်ဆိုင်းလို့ နှင်ခဲ့တယ်
တကယ်တော့…
ဒါဟာ မနမ်းသင့်တဲ့ ပန်းဖြစ်တယ်
ဒါဟာ မဆန်းသင့်တဲ့ လမ်းဖြစ်တယ်
ပြီးတော့ ကျွန်တော့်အတွက်
မလှမ်းသင့်တဲ့ကမ်းလည်းဖြစ်တယ်
ရှေ့ ကမြို့ နံမည်ဘာပါလဲ
လရောင်ဆမ်းခဲ့ပေမယ့် နမ်းခွင့်မရှိတဲ့
နေ့ လယ်ခင်းမှာ…အရာရာကို အထိတ်တလန့် 
ဆုတောင်းပေးခဲ့ပါရဲ့…
ကြယ်တွေဟာနေ့ လည်ဘက်လည်း ကြွေတတ်ပါတယ်
အဖြူရောင်တွေကို မောင်းထုတ်နိုင်တဲ့တစ်နေ့ ၏
အားလုံးမြင်ကြရပါလိမ့်မယ်…
ဆောင်းဦးလေတို့ ရဲ့တရင့်ရင့်ဝေးကွာခြင်းတွေ
ကာလတစ်ခုမတိုင်ခင်မှာပဲ ရောက်လာခဲ့ပြီ
ရောက်လာမယ်မှန်း ကြိုသိပါလျက်နဲ့ 
‘ကြိုဆိုပါတယ်’လို့ ဆိုင်းဘုတ်ထောင်ပြနေရဦးမှာလား
ဒါဟာ…လာခြင်းမကောင်းတဲ့ မြှားတစ်စင်းသာဖြစ်တယ်
ရှေ့ တည့်တည့်က white board ကိုကြည့်
တုန်ရီဖင့်လေးစွာနဲ့ ရေရွတ်မိတယ်
‘သူတို့ …ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပြီ’
မကြာခင်မှာပဲ ကျွန်တော်တို့ ကို ခွဲခွါသွားကြပါတော့မယ်
မကြာခင်မျာပဲ ကျွန်တော်တို့ ဝေးကွာသွားကြပါတော့မယ်
ဒီလိုနဲ့ ….တိတ်ဆိတ်တဲ့ အခန်းထဲမှာ
ရောက်လာတော့မယ့် ခေါင်းလောင်းသံကို နားစွင့်နေခဲ့ကြတယ်
အရင်ကဒီခေါင်းလောင်းသံကြောင့် ဝေးခဲ့ကြရပေမယ့် တစ်ခဏပါ
ခုတော့…ဘာသာတစ်ရပ်ရဲ့ နောက်ဆုံးချိန်အဖြစ် မြည်တမ်းသွားပါပြီ
နောက်ဆုံးအကြည့်နဲ့ နောက်ဆုံးအပြုံးဟာ
အရာရာကို ပိန်းပိတ်အောင်မှောင်စေသွား…
ဒီလမ်းနဲ့ ဒီကမ်းမှာ မီးမှိန်မှိန်တွေပဲ လင်းတော့မယ်
ဒီအလွမ်းနဲ့ ဒီစခန်းမှာ ဆီမီးလေးတွေပဲ ထင်းရော့မယ်
ဘယ်တော့မဆိုကျွန်တော့်ကို သတိတရရှိမနေပါနဲ့ တော့
ဆရာမလေးရယ်….တိတ်ဆိတ်ခြင်းတစ်ဖက်ခြမ်းရဲ့
ဒီလိုညတွေမှာ ကျောင်းသားလေးတစ်ယောက်ဟာ
ဖတ်စာအုပ်လေးပိုက် ဆရာမသင်ပေးတာလေးတွေ ဖတ်ရင်း
လမင်းမျက်နှာလေးကို လွမ်းနေပါတော့မယ်
ရွှေကြယ်မိုး
၂၀၁၁.နိုဝင်ဘာ. ၂၈ ရက်
Comment #1
ဒီကဗျာလေးဖတ်ရတာ စွန်လို ဖယောင်းတိုင်လို ဓားသွေးကျောက်လို တကယ်မြင့်မြတ်တဲ့ဆရာတွေကို သွားသတိရမိတယ်ဗျ ။ တကယ်ကောင်းတဲ့ ကဗျာတစ်ပုဒ်ဘဲ ။ အားပေးသွားပါတယ် ။