Professional Authors

ကွက်လပ် (Number1Princess)

အဲဒီညက
အိမ်အပြင် လမ်းမမှာ နှင်းတွေက တဖွဲဖွဲပြို
ငါ့နှလုံးသားကိုပါ ရွှဲရွှဲစိုသွားစေတဲ့ ညပေါ့။

စူးစိုက်ပြီး နားထောင်ကြည့်
ဘာမှမရှိတဲ့ အသံကြား
ကြယ်တစ်ပွင့် ကြွေလွင့်သွားတာကို
ကြားရလိမ့်မယ်။

ဘာရယ်မဟုတ်ပါဘဲ
ကျလာတဲ့ မျက်ရည်အတွက်
ငါက ဘာကြောင့်ဝမ်းနည်းပေးရမှာလဲ။

မဖြစ်နိုင်ဘူး သိတယ်။
ဒါပေမယ့်
အဝေးက လမင်းကို ဖမ်းဆုပ်ချင်နေတုန်းပဲ။

ပျော်ချင်တယ်။
ငါ့ရဲ့ စိတ်အစဉ်လို
လေမှာ မျောလွင့်ပစ်လိုက်ချင်တယ်။

အဆုံးအစ မရှိ
အထိန်းအကွပ် မရှိ
အနှောင်အဖွဲ့ မရှိ
အတားအဆီး မရှိ

အပြစ်တွေရဲ့ အဝေး
အချစ်တွေရဲ့ အဝေး

မဖြစ်နိုင်ဘူး သိတယ်။
ဒါပေမယ့် …………

March 28th 2006

In: ကဗျာ Posted By: Date: May 18, 2010
Comment #1

အဲဒီညက
အိမ်အပြင် လမ်းမမှာ နှင်းတွေက တဖွဲဖွဲပြို
ငါ့နှလုံးသားကိုပါ ရွှဲရွှဲစိုသွားစေတဲ့ ညပေါ့။

commentinfo By: အမရာ at Aug 6, 2010
Comment #2

မဖြစ်နိုင်ဘူး သိတယ်။
ဒါပေမယ့်
အဝေးက လမင်းကို ဖမ်းဆုပ်ချင်နေတုန်းပဲ။
အုဒီအပိုဒ်လေးတော်တော်မိုက်တရ်စာသားက

ဟုတ်တရ်နော်….

မဖြစ်နိုင်တော့ပါဘူးဆိုတာကိုမှလိုချင်နေတဲ့တို့ဘက်ကမှားခဲ့တာပေါ့

commentinfo By: ayeayethi at Aug 11, 2010
Comment #3

ဟုတ်တယ်နော်
မဖြစ်နိုင်တဲ့အရာတစ်ခုကို ပိုပြီလူတွေကမက်မောခုံမင်တက်ကြတယ်။

commentinfo By: ကြယ်စင် at Sep 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment