ကျွန်မသေသွားခဲ့၇င်
တကယ်လို့များ
ကျွန်မသေသွားခဲ့ရင်
ကျွန်မရဲ့ အုတ်ဂူဖြူဖြူလေးပေါ်မှာ
နှင်းဆီပန်းတွေလာတင်စရာမလိုပါဘူး
နွေရာသီပဲဖြစ်ဖြစ်
ဆောင်းရာသီပဲဖြစ်ဖြစ်
ကျွန်မတယောက်တည်းလဲလျောင်းပါရစေ..။
လိုချင်သမျှ၊လိုအပ်ခဲ့သမျှသောအရာရာကို
လက်လွှတ်ဆုံးရှုံးပြီးမှတော့
ပန်းတစည်းက အလကားပါပဲ…။
ကြာရင်မေ့သွားမယ့်
သေသောသူ ကျွန်မ အတွက်
ပန်းတစည်းကိုအသုံးချပြီး
သောကလူလုံးပြနေဖို့မလိုပါဘူး…။
ဒါကြောင့်
ကျွန်မသေသွားခဲ့ရင်
ကျွန်မအုတ်ဂူပေါ်မှာ
ပန်းတစည်းလာမချစေချင်ဘူး….။
Comment #4
I remember ”Christina Rosette” after I read this poem.
By:ူlynnthantkoko at Dec 1, 2011
Comment #5
စကားလုံးတွေအတွက်
ဘာမှ မပြောရက်ဘူး
အဲဒီအတ်ုင်း
ပစ်ချလိုက်သလိုကဗျာလေးကို………ချစ်တယ်
By: tar way at Dec 2, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
right…
i agree with u.
bar hma ma htoo bu lay,,,ma tay khin hmar kyin kyin nar nar ne shi tar ko pe lo chin de,
tay twar hma wan ne pay loh a po pe.
lat shi a chain tway ko pe tan phoe htar ya hmar…naung ta so tar le ma ya chin bu,