ဆိပ်ကမ်း
ကုန်တင်ကုန်ချဘ၀ထမ်းသမားတွေ ချွေးတရွှဲရွှဲ ရယ်မောကြ
ရေပျော်ငှက်တွေ သူတို့ဘ၀သူတို့ လူးလားတုန့်ခေါက်မောင်းနှင်နေချိန်
ထမင်းအိုးလေး အချိန်မှန် ပွက်ပွက်ဆူနိုင်ဖို့ သူများဝတ်မယ့်အင်္ကျီ
ကိုယ့်လက်နဲ့လျှော်ဖွပ်နေရတဲ့မြည်တွန်တောက်တီးသံဟာ
တသုန်သုန်တိုက်ခတ်နေတာ ရှိတယ်
သောင်ပြင်မှာ သဲအိမ်ဆောက်နေတဲ့ ကလေးတွေ ရှိတယ်
လူကြီးတွေ စိုးရိမ်တကြီးတားမြစ်နေတဲ့ကြားက
“ ငါကွ…”ဆိုတဲ့ကြုံးဝါးသံ
မြစ်ထဲ ဒိုင်ဗင်ထိုးဆင်းသွားတာတွေ ရှိတယ်
သွားတဲ့လူတွေက သွားပြီး လာတဲ့လူတွေက လာကြတယ်
ငါတို့ကို လှမ်းကြည့်နေတဲ့ဟိုးအဝေးတစ်ဖက်ကမ်းရှုမျှော်ခင်းထဲ
ငါတို့ရဲ့ဆိပ်ကမ်းဟာ သမ္မာအာဇီဝကျကျ လှပနေရင် ပြီးတာပဲ
ဒီမှာတော့ စိတ်ကိုအစိုးမရတဲ့လူတစ်ယောက်
တစ်စုံတစ်ခုကို မြစ်ကြီးထဲ စောင့်မျှော်ငေးမောရင်း
မြစ်တစ်စင်းလုံး ဒီကဗျာထဲ စီးဝင်လာပုံ
ကိုသျှား
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
တစ်စုံတစ်ခုကို မြစ်ကြီးထဲ စောင့်မျှော်ငေးမောရင်း
မြစ်တစ်စင်းလုံး ဒီကဗျာထဲ စီးဝင်လာပုံ