ကြယ်တစ်စင်းနောက် လမ်းလျှောက်လိုက်ခြင်း (Number1Princess)
ဘာဖြစ်လို့များလဲ
အခုတလော အလွမ်းဆိုတာကို လူပြောများတယ်တဲ့
ကျွန်တော်ကတော့ လွမ်းတယ်ဆိုရင်တောင်မှ
နယူတန်ရဲ့နိယာမ ၃ ကို စားသုံးချင်တယ်။
လူတွေကပြောတယ်
ကျွန်တော်ဟာ ပျက်စီးနေတဲ့ လူငယ်တဲ့
သူတို့မျက်လုံးမှာ ဖုံးနေတဲ့ မျက်ချေးတွေအကြောင်းကိုတော့
ကျွန်တော် တစေ့တစောင်းတောင် မပြောပြဖြစ်လိုက်ပါဘူး။
ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့
ဟုတ်ပါလိမ့်မယ်။
ဒါပေမယ့်
ကျွန်တော်မစားရလို့တော့ စပျစ်သီးတွေ ချဉ်မသွားဘူး။
ဒီလိုနဲ့ပဲ…
အဖော်တွေ မခေါ်ခဲ့ဘူး။
မပျော်ဘူးဆိုရင်တောင်
လောကကြီးရဲ့လမ်းပေါ် ကျွန်တော် ဆက်လျှောက်တယ်။
လမ်းတွေကလည်း ကောက်တယ်။
ကျွန်တော်ကလည်း လျှောက်တယ်။
ကျွန်တော်ကလျှောက်လေ လမ်းကကောက်လေပါပဲ။
ဒီလိုနဲ့ပဲ…
၁၈ ၁၉ ၂၀ ၂၁
တစ်နှစ်ပြီး တစ်နှစ် အသက်သာကြီးလာတယ်။
ကျွန်တော်ဆွတ်မယ့်
ကောင်းကင်တမွတ်က ကြယ်ကတော့
နီးလာလိုက် ဝေးသွားလိုက်နဲ့
ကျွန်တော့်ကို စေ့စေ့ကြည့်လို့
လှောင်ရယ် ရယ်နေလေရဲ့။
Feb 26th ’08
@ Hewitt 864
Comment #4
ကဗျာလေးက အရမ်းကောင်းပါတယ်…ဒါပေမယ့် စာလုံးပေါင်းမှားနေတာကြီးက ကြည့်ရတာတစ်မျိုးကြီးမို့…
မျက်ချီးအစား မျက်ချေးဖြစ်ရမှာမို့လား….
Comment #6
hey,,,so good, and very touching,
it meets my heart for a moment
Comment #9
ပေါ့ပေါ့နေ ပေါ့ပေါ့စားတဲ့
ဟုတ်ပါလိမ့်မယ်။
ဒါပေမယ့်
ကျွန်တော်မစားရလို့တော့ စပျစ်သီးတွေ ချဉ်မသွားဘူး။
……………………
…………………
…………………….
ချိုတယ်
Comment #1
ကြယ်တစ်စင်းနောက် လမ်းလျှောက်လိုက်ခြင်းကို အရမ်းကြိုက်ပါတယ်။ နောက်ထပ် ဖန်ဆင်းပြီးရင် ဝေငှပါဦးနော်။