ယုံကြည်မှု အလင်းတန်း
အမေရေ…
သူ… ကျွန်တော်ကို ကတိတွေပေးတာ များနေပြီ
သူ.. အခုထိလည်း ကတိတွေ ပေးပြန်ပြီ…
နောက်လည်း ကတိတွေ ပေးအုန်းမှာလား..
အနာဂါတ်တွေကို မယုံရဲဘူး…
သူ့ လက်အောက်မှာ အငယ်တယောက်လို
အနိုင်ကျင့်ခံနေရတာ နှစ်ပေါင်းများလွန်းလို့
နှစ်တွေလည်း ဆွေး..
အသစ်တွေလည်း ဝေး..
မရောက်သေးတဲ့ အာရုဏ်ဦးလေးဆီ
တမ်းတရင်း ယုံကြည်မှု အလင်းတန်းလေး
ကျွန်တော်တို့ ရရှိခဲ့ပြီ…
ဒါပေမဲ့… အခုတော့
ကျွန်တော် သူ့ကို.. အသက်နဲ့ ရင်းနှီးပြီး
ယုံပေးလိုက်မယ်…
သူ့.. အမှန်တရားက ကျွန်တော်တို့
အနာဂါတ်အတွက် ချစ်သဒ္ဓါတွေအပြည့်နဲ့
မေတ္တာထားတက်ရင်ပေါ့ အမေ…..။
တက္ကသိုလ်မြတ်မင်း
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
yone kyi pay par ,,,koh a chit ko,
he,,he,,ta chin so pya tar naw.