ရုပ်ရှင်ကြည့်ပြီးသောအခါ၊ ဖြတ်စထည်များ (သို့) ဖြတ်ထည်စများ
“မာကီ အိမ်ပြန်ရောက်ပြီလား၊ ပျော်ခဲ့ရဲ့လား”
“အင်း၊ ပြီးခဲ့တဲ့ ငါးရက်လုံး ပျော်ခဲ့ရပါတယ်’
“နောက်နေ့တွေမှာလည်း ပျော်အောင်နေနော်” (ဟာ ဒီစကားဟာ ငါကိုင်ထားတဲ့ စက်ရုပ်အသံ မဟုတ်ဘူးပဲ… ကိုကြီး…ကိုကြီးရဲ့အသံ…ဟုတ်တယ် ဒါကိုကြီးရဲ့အသံ)
“ကိုကြီးလည်းပျော်အောင်နေနော်”
“ငါက နှစ်ရက်ပဲနေရတော့မှာလေ”(ဟာ…ဒီစကားက ဒီဇာတ်ကားထဲက ဇာတ်ကောင်ကိုကြီးအသံ မဟုတ်ဘူးပဲ… ပရိသတ်… ပရိသတ်ရဲ့အသံ… ဟုတ်တယ် ဒါ ပရိတ်သတ်ရဲ့အသံ)
—————————————————————————————————
“လူသားတွေ မျိုးတုံးမှ ဖြစ်မယ်၊ ငါလိုချင်တာ အဲဒါပဲ၊ ကမ္ဘာကြီးကိုကယ်တင်ဖို့
လူသားတွေက သဘာဝပတ်ဝန်းကျင်ညစ်ငြမ်းမှုနဲ့ စစ်ပွဲတွေကို ဖြစ်ပွားစေတယ် “
“ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် လုပ်နိင်တာ ပိုမိုကောင်းမွန်အောင် လုပ်ရမှာ ငါတို့လူသားတွေလေ ” (ဒီဇာတ်ကားထဲက လူကြမ်းမင်းသမီးပြောတဲ့စကားကို ဘ၀တစ်ခုလုံး သဘောကျခဲ့တာ မင်းသားရဲ့စကား ကြားတော့ ဟုတ်တယ်ဆိုပြီး ထောက်ခံမိတယ်)
—————————————————————————————————
“၀ါတာရီ၊ ဖြစ်နိုင်မယ်ဆို ဟောဒီကမ္ဘာထဲမှာ ကျွန်တော်နည်းနည်းလောက် အသက်ရှင်နေချင်ပါသေးတယ်”
Comment #1
” ဖြစ်နိုင်မယ်ဆို ဟောဒီကမ္ဘာထဲမှာ ကျွန်တော်နည်းနည်းလောက် အသက်ရှင်နေချင်ပါသေးတယ်”