ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
ဘ၀နဲ့မျှော်လင့်ချက်ကြား ပုံပြင်တစ်ပုဒ်စာ ခြားတယ်
ဝင်းမှည့်နေတဲ့နှင်းဆီတစ်ပွင့်ဟာ
နီထွေးထွေးနှုတ်ခမ်းတစ်စုံရဲ့ပုံတူပန်းချီကားလား
မင်းကိုယ်သင်းနံ့တိုက်စားတိုင်းတုန်ခါသွားတဲ့ငါ့စိတ်ဟာ
ဘယ်လိုမှ ပြန်ခေါ်လို့မရဘူး
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
လောကကိုနာကျည်းပြီး ငါ့ခေါင်းငါ ရိုက်ခွဲမိတဲ့အခါ
အဲဒီဒဏ်ရာကို မင်းစိတ်နဲ့ပြန်ချုပ်တယ်
ငါ့ရှင်သန်မှုဟာ မင်းကြောင့်သာ ထွန်းကားနေရ
ငါ့ဘ၀တဲအိုပျက်လေးဟာလည်း
မင်းကြောင့်သာ ပြိုလဲမသွားခဲ့တာပေါ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်
ငါ မင်းကို ဖွဖွလေး လွမ်းနေပါတယ်ခရမ်းပြာ
ကိုသျှား
Comment #2
so so nice,
so so nice,,
want 2 cry af reading.
Comment #3
လောကကိုနာကျည်းပြီး ငါ့ခေါင်းငါ ရိုက်ခွဲမိတဲ့အခါ
အဲဒီဒဏ်ရာကို မင်းစိတ်နဲ့ပြန်ချုပ်တယ်
ငါ့ရှင်သန်မှုဟာ မင်းကြောင့်သာ ထွန်းကားနေရ
ငါ့ဘ၀တဲအိုပျက်လေးဟာလည်း
မင်းကြောင့်သာ ပြိုလဲမသွားခဲ့တာပေါ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်ခရမ်းပြာ
မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
စာသားတွေ အရမ်းကောင်းတယ်ဗျာ။ လေးစားပါတယ်။
ချီရွန် ( ပုလဲ )
Comment #5
အစ်ကိုကဗျာကို တစ်ကယ်ကြိုက်တယ်…ဗျာ…
Comment #9
ရှာကြည့်မိပြန်တယ် ….။ 🙂
တွေ့တယ် ………။
အလွမ်းတွေ မျိုးစေ့ကြဲထားးတုန်းးး… ။
Comment #10
read again par
Comment #11
So much touching.
🙂
Comment #13
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
so good
Comment #14
အရမ်းကြိုက်တယ်
Comment #16
အရမ်းြးးကိုလွမ်းတယ်ကွာကီ
Comment #1
မင်းဟာ ငါ့ကိုယ်ကျင့်တရားနဲ့တိုင်းချုပ်ထားတဲ့အင်္ကျီ
ငါဟာ မင်းကိုချစ်တဲ့စိတ်နဲ့
ကိုယ့်ကိုယ်ကို ကျားကန်ထားရတဲ့တေလေငှက်သာ ဖြစ်ရဲ့
ငါ မင်းကို ဖွဖွလေး လွမ်းနေတယ်
ငါ မင်းကို ဖွဖွလေး လွမ်းနေပါတယ်ခရမ်းပြာ
…………………………
သဘောကျလိုက်တာဗျာ