Professional Authors

ကျွန်တော် ပိုင်သော အပေါဆုံးအရာ

အသည်းတစ်ချို့ရှိတယ်
မခံနိုင်တော့
ကွဲနေတယ်………
မျက်လုံးတစ်ချို့ရှိတယ်
လှလွန်းတော့လည်း
မကြည့်ဘဲ မနေနိုင်
ထူးဆန်းတဲ့ လူ
ဦးနှောက်မရှိပဲ အသက်ရှင်
စီတန်းနေတဲ့
လူကြားထဲ ၀င်ရပ်
ငါဘက် က နံပါတ် တစ်
နင့်ဘက်က ငါက
အများကြီးထဲက တစ်ယောက်
စောင့်ပါ ဆိုလို စောင့်တယ်
ဘယ်အချိန်မှန်း ငါမသိ
နားလည်ပါ ဆိုလို့
ငါခေါင်းညိမ့်မိသည်…..
ဘာကိုဆိုလိုမှန်းငါ မသိ…….
ငါ ဘာသိလဲ ဆိုတာငါမသိ
ငါသိတာ သူမနဲ့
သူမ ကို ချစ်လို့ တဒုန်းဒုန်းခုန်နေတဲ့
ခပ်ချာချာ အသည်းနှလုံး……
နေလုံးကြီး ရှေ့ကနေထွက်
နောက်ကနေ၀င်
တစ်နေ့တစ်နေ့
ငါ မှာက နင့်ရည်စားနဲ့
နင် တွဲ လျှောက်တာကို
ထိုင်ကြည့်ရုံသက်သက်
ငါကို ငါအားမငယ်
အဖော် များ၏…………
ဒါ ပေမယ့် ငါက သက်တမ်းအရင့်ဆုံးနဲ့
အရူးဆုံး……………………….
မပူပါနဲ့ ငါနင့်ဆီဖုန်းဆက်မှာပါ
နင် လိုရင် ငါ ရှိနေမှာပါ
ငါ ဖြည့်ဆည်းပေးနေမှာပါ
နင်ပြောရင် ငါနားထောင်နေမှာပါ
ပြီးတော့ နင် ပျော်တာလေးကို ကြည့်ပြီး
ငါ ပြုံးနေအုံးမှာပါ
ငါ မှာ အပေါ ဆုံးက အပြုံးလေ……………။

In: ကဗျာ Posted By: Date: Dec 3, 2011
Comment #1

hin,,,
so so generous naw.
so different with ei lay…he,,he,,
ei lay is so bad.
i m envious of u so much.
if i had bf,,,,,if my bf did,,,,i’d b mad or i’d cry all the time.
that’s why,,,my parents disallow me 2 have any bf yet,,,,ha,,ha,,
next,,noone like me that i have any bf,,,,,he,,he,,

commentinfo By: ei lay at Dec 3, 2011
Comment #2

ကောင်း၏….။

commentinfo By: SoFarAwayFromU at Dec 4, 2011
Comment #3

ငါ့မှာ အပေါဆုံးကအပြုံးလေ………………..
အပြုံးဆိုတာ လုရီတို့နားမှာနေတဲ့ ပေါက်စီရောင်းတဲ့အသားဖြူဖြူတရုတ်မကြီးကိုပြောတာလားမသိဘူး ( just kidding)
ကဗျာမှာ တွေးထားတဲ့ idea လေးတွေက တကယ်လန်းပါကြောင်း
အားပေးသွားပါကြောင်း ။

commentinfo By: X - ray at Jan 20, 2012
Comment #4

a yan ko aye chan daw,,,,
mon myant tant sin daw,,,,
a chit myar swar phyit,,,,
a paw myar sone daw a pyone myar ko le htar wa ya pine sine naing par say,,

commentinfo By: ei lay at Jan 31, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment