အချစ် အတွက်ကံမကောင်းတဲ့သူ
သူများပြောလို့ မသိ
ကိုယ်ကို တိုင်ခံစားကြည့်မှ သိ၏………
ချစ်တယ်ဆိုတာကိုလေ
ကံကောင်းတာ က
ငါ ချစ်တတ်သည်
ကံမကောင်းပုံ
ချစ် ချင်လွန်းလို့
ချစ်လိုက်မိသည်
ချစ် စရာကောင်းတဲ့
ကောင်မလေးကို
ကိုယ်က ချစ်တာအမှန်
သူက တော့
အချစ်အတုတဲ့လေ…………။
အချစ်အတု နဲ့ တွေ့လို့
ကျွန်တော့်အသည်းစစ်စစ်
မြင်မကောင်းအောင်ကွဲသည်………..
ဒါကြောင့်
ကွဲ သည့် အသည်းကြံဖန်
ဆက်ဖို့ ကြံမိသည်……..
superglue…………
အဲ ကံဆိုးချင်တော့
ဒင်းကလည်းအတု…………..
မထူးဘူးလေ
ကွဲထားတဲ့ အသည်း
ဖြေသိမ့်နိုင်ဖို့ အဖြေရှာရင်း
ငါ့ကို နားလည်
ငါ့ကို နှစ်သိမ့်
ငါ့ကို ဖျောင်းဖျနိုင်သူ
ငါကြံဖန်တွေ့တယ်
ကံဆိုးပြန်တယ်
နောက်ကျမှ ငါသိ
ဒါလည်း မိန်းကလေးအတု ဗျ………..။
Comment #2
အတုတွေတော်တော်များတာပဲနော်

Comment #3
he,,he,, 😛
rofl 😛
really really million ths.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,,,
i can’t stop laughing for 10 minutes.
he,,he,,
how’s ur feeling with this gay?