မေ့မှာစိုးလို့။
စိတ်အတွေးတွေမဆုံးနိုင်တဲ့
အတိတ်အဆွေးတွေထဲက ရုန်းထွက်ချင်ပြီ
စိတ်ခွန်အားများပေးသနားပါချစ်သူ
လွမ်းတာရှိရင် နာတာနဲ့ဖြေ..တဲ့
နာတာတွေ ရှိနေတာတောင်
လွမ်းနေတုန်းပဲဆိုတော့
ငါ့အဖြစ်က ဆေးမရှိတဲ့အနာလို ဖြစ်နေပြီပေါ့
မဆုံနိုင်တဲ့လမ်းကို အပြိုင်လှမ်းခဲ့ကြပြီဆိုပေမယ့်
မဆိုင်တော့တဲ့ မျက်ဝန်းတွေနဲ့တော့
ငါ့ကိုယ်ငါ တန်ဆာမဆင်နိုင်သေးပါဘူး။
အကြောင်းဆုံလို့ တို့ကြုံရရင်တော့
ခံစားချက်တွေ ရှုံးရလွန်းတာတောင်
ပြုံးပြဖို့တော့ ကြိုးစားမှာပါ
တို့ဆိုင်ခဲ့ဖူးတာကို မင်းမေ့သွားမှာစိုးလို့လေ။
Comment #2
မိုက်တယ်…..ရှယ်ပဲ……..စောက်ရမ်းခိုက်တယ်…
By: miss30 at May 19, 2010
Comment #3
တိုက်ဆိုင်လိုက်တာ ဒါပေမဲ့ပြုံးပြဖို့တော့ ကြိုးစားရအုံးမယ်။
By: chittee at May 31, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
goodပဲ
မိုက်တယ်
စာပိုဒ်ခွဲရေး၇င် ပိုgoodသွားမလားလို့