သေခြင်းရဲ့  အသံပေါ်တွင် ပြေးလွှားခြင်း………
နွံ မှန်းသိလျက်နဲ့ ဒိုင်ဗင်ထိုးချလိုက်သည်
ငါဦ့းခေါင်းနဲ့ ခြေထောက်က နေရာအထားအသို မှားနေသေးတယ်
တစ်စုံတစ်ယောက်ရဲ့  စာရိတ္တ…:(
မဲ့ ရွဲ့ နေတဲ့ မြို့ ပြ
လေထုမရှိတဲ့ ခေါ်သံများ
မပြောဖြစ်တဲ့စကားလုံးတွေကြားက အသံတိတ်ရက်စွဲများ
လေထဲမှာ မပျံတော့ပါဘူးဆိုတဲ့ ကတိပေးလိုက်တယ်
အမှောင်မရှိတဲ့ ညမှာ ၀ိညာဉ်တစ်ခုမျှော်လင့်မိတယ်
ကမ္ဘာတစ်ဖက်က တစ်စုံတစ်ယောက်ဖျားနာခြင်းက
ငါ့ကိုကူးစက် သွားပီ……………….
သက်သာရဲ့ လား စကားကိုဖြည်းဖြည်းချင်းပြောလေ
မျက်လုံး ဘောင်ခတ်ထားတဲ့ လူတယောက်ရဲ့  အမေးနဲ့အတူ
မျက်စိ 13 လုံးက ငါ့ကို စိုက်ကြည့်နေရဲ့ 
ငါမျက်စိ ပြန်မှိတ်လိုက်တဲ့ တစ်စက္ကန့်မှာ လှောင်အိမ်ထဲရောက်သွားတယ်
ငါ့ကို ဘာလို့ချီထားတုန်း ငါက စကားမပြောနိုင်ပဲ
ဘာလို့ ငိုနေတာတုန်း….
ဒီတစ်ခါကြည့်တဲ့ မျက်လုံးတွေက
လူ့ လောကမှ ကြိုဆိုပါ၏ ဆိုတဲ့ အကြည့် ..
နီယွန်မီးရောင်တွေအောက်က သေနေတဲ့ လမ်းမများ
ငါ အမှောင်ထဲကိုပြေးနေတာကို ငါ မြင် ရဲ့ 
ငါ့ ၀ိညာဉ်ဟာ……………………………………………………………….
ပြေးနေရဲ့ ……………….
ေ၇ွ့ နေရဲ့ ..………………………
ဆွေးနေရဲ့ …………………………..
ဆွေးနေရဲ့ ..…………………….
ေ၇ွ့ နေရဲ့ ………………………………..
ပြေးနေရဲ့ ………………………………………………………………………..။ ။
တိမ်အို