Professional Authors

နေဝင်စ ချိုးမရယ်ကူ (အမည်မသိ ရှေးစာဆို)

အချိန်မရွေး ကျွန်တော့ရဲ့ အသဲထဲ စွဲနေတဲ့ ကဗျာလေးတွေ ပြပါလို့ပြောရင် ၂ ပုဒ် ရှိပါတယ်။ တပုဒ်ကတော့ ငွေတာရီရဲ့ ‘ဝေမည်လော’။ နောက်တပုဒ်ကတော့ အခုတင်လိုက်တဲ့ ‘နေဝင်စ ချိုးမရယ်ကူ’ပေါ့။

နေဝင်စ
ချိုးမရယ်ကူ
တောသူမလေး အဝေး။

စာကိုသာ စာကိုငတ်လို့
ကူရှာသလော ကူသလော။

ရေကိုသာ ရေကိုငတ်လို့
ကူရှာသလော ကူသလော။

နွားကျောင်းသားငယ်
ကျော့ကွင်းရယ်တယ်
ဘယ်… ဘယ်ကို… ဘယ်ကိုရယ်မိ
ခြေကိုမိလို့။

ဘယ်… ဘယ်ကို… ဘယ်ကိုရယ်နှက်
လည်ပင်းအထက်
ခေါင်းကိုနှက်လို့။

ဘယ်… ဘယ်ကို… ဘယ်ကိုရယ်ခွဲ
ရင်ကိုခွဲလို့။

ရှားမီးခဲတွင်၊ ရဲရဲငယ်ကင်
အကျွန် မမြင်ဝံ့ပါပြီတကား။

ရွှေချိုးဖိုရယ်လေ
မယ့်လင်သား။ ။

ကဗျာမှာပါတဲ့ ‘တောသူမလေး အဝေး’ဆိုတာကို ငယ်ငယ်က ဆရာမ သင်ပေးလိုက်တာက ‘အဝေး’ဆိုတာ ‘ဟိုးအဝေးကြီးက’တဲ့။ နောက်မှ ‘လွမ်းလွမ်း ဆွေးဆွေး အော်မြည်တဲ့ အသံ’ဆိုတာကို သေသေချာချာ သိရတယ်။ နောက်အနှစ် ၃၀ ကျော်မှသိရတာပါ။

ဆရာ၊ ဆရာမတွေက မှားတာတွေကြောင့် ကျွန်တော်တို့လို ကျောင်းသားတွေ ဘယ်နှယောက်များ အမှားတွေ နားလည်သွားလဲ မတွေးရဲဘူး။

In: ကဗျာ Posted By: Date: Dec 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment