အလွမ်းများဖြင့်
လွမ်း…
တစ်နယ်စီဝေးနေ၍
လွမ်းစာချွေ စခန်းကွာနေ
သည်ခဏ လွမ်းစာတွေရေးနေရတယ်….
ဝေးနေသမျှဟာ နီးဖို့အတွက်ဆို
မင်းပြောသည်စကား
ငါ့အတွက်တော့အားဆေးပဲလား…..
ပမာထားစရာ မရှိပေမဲ့
အလွှာခြားတာတွေကြောင့်
တကယ်ပဲဝေးရမှာလား….
အချစ်စစ်မှာ မဖြောင့်ဖြူးရင်
ဆူးခင်းလမ်းမှာလည်း လျှောက်ဖူးချင်ပါတယ်…
ထာဝရမို့ ကမ္ဘာခြားရင်လည်း
ပကာသနအလွှာ မရှိတဲ့တစ်နေ့ထိ
စောင့်နေပါမယ်လေ….
အချစ်နဲ့စစ်မှာမတရားတာမရှိပေမဲ့
မင်းသွားမယ်ဆို မတားခဲ့တာ
ချစ်သမျှကို ခင်သိစေလိုပါ….
ကြောက်ရွှံလို့တော့မဟုတ်ခဲ့ဘူး
ချင့်ချိန်ဖို့တော့ဖြစ်ခဲ့တယ်လေ….
မင်းသွားမယ့်လမ်းအတွက်
ငါ့ဘ၀ကိုလမ်းခင်းဆို
ကျေနပ်စွာနဲ့ခံယူပါမယ်
ဖြစ်သမျှဟာ ငါအမှားဆို
ချစ်သမျှဟာလည်း
ငါ့အမှားပါ….
တစ်နေရာအဝေးက
လွမ်းစာတွေရေးနေရတဲ့ငါ
တမ်းတစွာနဲ့ပဲ
လွမ်းနေခဲ့ပါတော့မယ်ခင်…..။
Comment #2
ဒီကဗျာလေးကိုတော့ ကြိုက်သွားပြီးဗျာ..။
မင်းသွားမယ့်လမ်းအတွက်
ငါ့ဘ၀ကိုလမ်းခင်းဆို
ကျေနပ်စွာနဲ့ခံယူပါမယ်
ဖြစ်သမျှဟာ ငါအမှားဆို
ချစ်သမျှဟာလည်း
ငါ့အမှားပါ….
အားပေးသွားပါတယ်။
Comment #1
ကဗျာတွေရေးချင်ပေမဲ့ သေချာစွာတော့မရေးတက်ပါဘူး။ ရေးသမျှဟာ ရင်ထဲကခံစားချက်တွေပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ရင်ဖွင့်ရတဲ့အတွက်တော့ ၀မ်းသာမိပါတယ်။