ဟင့်အင်း
ငါတကယ်ကို နင့်ကိုကျောခိုင်းလိုက်တာပါ
ဘယ်လိုစကားလုံးတွေကမှ
ငါ့ခြေလှမ်းတွေကို
နင့်ဆီပြန်မသယ်ဆောင်နိုင်တော့ဘူး….။
လွမ်းဆွတ်ခြင်းဆိုတာတွေကို
တနေ့တော့ နေသားကျသွားပါလိမ့်မယ်
ဘာပဲဖြစ်ဖြစ်
ငါ နင့်စက်ကွင်းကလွတ်ချင်ပြီ
နင့်အချစ်ဆိုတာက
တကယ်တော့စစ်မှမစစ်တာ……
နင်စတဲ့ဇာတ်လမ်းပေမယ့်
ငါပဲ အဆုံးသတ်ပေးမှာပါ……။
ကျောခိုင်းထားတဲ့ငါ့ကို
မချစ်တော့ဘူးလား လို့ထပ်မေးမယ်ဆိုရင်တော့
ငါ့မှာဖြေစရာအဆင်သင့်ရှိပြီ
ဟင့်အင်း….။ ။
Comment #2
sit ma sit bar ne tine ya le hin?
he,,he,,

Comment #3
အားပေးသွားပါတယ်….

Comment #4
နှလုံးသားနဲ့ တိုင်းတာပေါ့..ei lay 🙂

Comment #5
hote lar?
dar so tay tay lay pe chit tar pop.
he..he..

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဘာပဲဖြစ်ဖြစ်
ငါ နင့်စက်ကွင်းကလွတ်ချင်ပြီ
နင့်အချစ်ဆိုတာက
တကယ်တော့စစ်မှမစစ်တာ……