မခွဲအတူ
မပြောင်းလဲသော အကြောင်းတရားတွေ
ချစ်သူ..မင်း
သိစေလိုတာ ကြာခဲ့ပါပြီ…
အနာဂတ်တစ်ခုကို တွေးဆမိသလောက်တော့
ခင်မင်မှုဟာ သိမ်မွေ့လွန်းပါတယ်…
ငါ့ရဲ့ ခံစားချက်
ငါ့ရဲ့ ယုံကြည်ချက်
ငါ့ရဲ့ ပေးဆပ်မှု
ပြီးတော့..အနာဂတ်ရဲ့စိတ်ကူး
ဒါတွေ အားပေါင်းစပ်ပြီး
ပွင့်အံသွားတဲ့ စကားလုံးရဲ့ နောက်ကွယ်မှာ
လှောင်ရယ်သံတွေဟာ ထပ်ကြပ်မကွာ
တိတ်တဆိတ်လေးပေါ့…
နောက်သို့ လှည့်ကြည့်မိခိုက်မှာ
လန်းဆန်းတဲ့ အပြုံးတစ်ခု
ငါ..တွေ့လိုက်ရတယ်…
အကယ်၍..ချစ်သူ
ညှိုးနွမ်းနေမယ့် မင်းမျက်နှာပေါ်က
အထီးကျန်ဆန်တယ်ဆိုတဲ့
ဝမ်းနည်းကြေကွဲမှုတွေ
စိတ်ဒဏ်ရာတွေ ရှိခဲ့ရင်
သန့်စင်တဲ့ ရေတချို့နဲ့
ငါ မထိတွေ့ဘူးတဲ့
မင်းရဲ့ လက်ခုပ်ထဲထည့်ပြီး
ဆေးကြောပေးချင်ပါတယ်…
မင်းသိပ်လှသွားမှာပါ…ချစ်သူရယ်….
Comment #2
အမြဲတမ်း လှတာနေတာလေ….အားပေးတဲ့အတွက် ကျေးဇူးပဲနော်……

Comment #3
aww…
ti bu lay….
he..he..
dar so le p yaw,,,p yaw,,,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
hin,,,,
dar so a khu ma hla bu pop,,hote lar?
he,,he,,teasing u.
mike de..
a tway lay ka san san lay ne chit sa yar lay,