အသဲကွဲတမ်းချင်း(၁)
မချစ်တတ်သူ ငါ့ကို
ချစ်တတ်အောင်သင်ပေးခဲ့သူ နင်က
ငါချစ်တတ်မှ ပုန်းရှောင်ပြေးသတဲ့လား….
အထီးကျန်ဆန်သူ ငါ့ကို
နွေးထွေးမှုတွေပေးပြီး
နင်မရှိရင် ငါမနေတတ်တော့မှ
နင်က ပျောက်ကွယ်သတဲ့လား…
ရက်စက်တတ်သူ ငါ့ကို
နူးညံ့တတ်စေမှ နင်က ထွက်ပြေးသတဲ့လား…
ငါတို့ရဲ့ ကတိစကားတွေကို နင်က ချိုးဖျက်သတဲ့လား
ငါ့တို့ရဲ့ ချိန်းဆိုမှုကို နင်က မေ့ပစ်သတဲ့လား
ငါတို့ရဲ့ ကမ္ဘာသစ်ကို နင်က ဖျက်ဆီးသတဲ့လား
ငါ့နှလုံးသားကို နင်က ရိုက်ခွဲသတဲ့လား….
ငြိုးမာန်ဖွဲ့ အမုန်းမိုးရွာသူရေ….
နင်ထားရာစေ နေရာသွားတဲ့ ငါ့အတွက်…..
နင်က လုပ်ရက်သတဲ့လား………
Comment #2
မချစ်တတ်သူ ငါ့ကို
ချစ်တတ်အောင်သင်ပေးခဲ့သူ နင်က
ငါချစ်တတ်မှ ပုန်းရှောင်ပြေးသတဲ့လား… ( အိလိုပဲ ကတိမတည်သူကို မုန်းပါတယ်)

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
good…
i agree with u.
i hate the person who is broking promise.