နွေမိုးစက်
ကာလကုန် အကာလမိုး
အခါမကုန်တဲ့ နွေတံခူးမှာ
လေရူးသုန်သုန် ရစ်ဝဲလို့
ရွှင်ပျော်ပျော် သင်္ကြန်နှစ်ဦး
တူစုံမြူး အချစ်ကျူးကြရင်း
မိုးခါးရေအောက် နွေမိုးစက်တစ်ပေါက်က
ဆေးကျောလို့ အတာတံခူးရောက်ခဲ့ပြီလေ..။
နှင်းတွေလည်းကွယ်ပျောက် နွေတံခူးရောက်တော့
ပူလောင်မှုတွေ ရင်မှာ ခံစားကြရင်း
ဝေဒနာ ပင်လယ်အောက်မှာ
စေတနာ အရောင်ဟတ်လို့
ခြေရာတွေလည်း ပျောက်ခဲ့ပြီ
မကြာခင် ဟန်ချက်မှားတဲ့
အကာလ မျက်ရည်စက်တွေက
နှလုံးသား မြစ်ပင်လယ်ထဲ
နွေမိုးစက်တွေလို စီးဝင် ခစားကြရင်း
အတာသင်္ကြန်လည်း လွှမ်းခဲ့ပြီလေ…။
ရှောင်တခင် အခါကာလပေမို့
ကိုယ်စီကိုယ်စီ လွတ်လပ်လွန်းလို့
ဖိတ်စာမပါ လိပ်စာမပါနဲ့
သူ့မဏ္ဍပ် ကိုယ့်မဏ္ဍပ်ကို
လည်ပတ်ကြရင်း မထင်မှတ်ခဲ့တဲ့
တွေ့ဆုံခြင်းတွေက ထင်ကျန်ရစ်လို့
အတာတံခူး သင်္ကြန်မိုးတွေက
နွေမိုးစက်တွေ ဖြစ်ခဲ့တယ်လေ…။
အမှတ်တမဲ့မှ အမှတ်တရတွေမို့
သတိရခြင်း အနာဂါတ်အတွက်
ထာရဝအထိမ်းမှတ် သတ်မှတ်မှုက
ရင်ထဲမှာတော့ ထင်ကျန်ရစ်လို့
နှစ်သစ်ချစ်ဦးကို ရှာပုံတော်ဖွင့်ရင်း
အိမ်ပြန်လမ်းမှာ မျက်ရည်စက်နဲ့
နွေမိုးစက်တို့ အပ်နှင်းခဲ့ပြီလေ…။
တက္ကသိုလ်မြတ်မင်း
Comment #3
နှစ်သစ်ချစ်ဦးကို ရှာပုံတော်ဖွင့်ရင်း
အိမ်ပြန်လမ်းမှာ မျက်ရည်စက်နဲ့
နွေမိုးစက်တို့ အပ်နှင်းခဲ့ပြီလေ…။
Comment #1
အမှတ်တမဲ့မှ အမှတ်တရတွေမို့
သတိရခြင်း အနာဂါတ်အတွက်
ထာရဝအထိမ်းမှတ် သတ်မှတ်မှုက
ရင်ထဲမှာတော့ ထင်ကျန်ရစ်လို့
နှစ်သစ်ချစ်ဦးကို ရှာပုံတော်ဖွင့်ရင်း
အိမ်ပြန်လမ်းမှာ မျက်ရည်စက်နဲ့
နွေမိုးစက်တို့ အပ်နှင်းခဲ့ပြီလေ…။
ကဗျာလေး က လှတယ်