ဆူးလူရိုင်း – ချီရွန် ( ပုလဲ )
ရေအပြည့်ရောထားတဲ့
ပူပေါင်းတစ်လုံးရဲ့ ရှင်သန်မှုမျိုး
မျက်နှာသစ်မရတဲ့ လက်နဲ့ ပျိုးခဲ့တဲ့ ဘဝ
ခြေထောက်ကြောင့် လမ်းပျက်ခဲ့တယ်
အိမ်ရှေ့မှာ ဧည့်လာဂမုန်းစိုက်တဲ့
တံခါးပိတ်ထားတဲ့ကောင်ပါကွယ်
လူယဉ်ကျေးတို့ ပါးစပ်ထဲက လူရိုင်း
မျက်နှာချင်းဆိုင်ကြီး ကျောခိုင်းတယ်
ဓါးနှစ်လက် သွေးထားတယ်
တခုက နောက်ကျောကို ထိုးဖို့
နောက်တခုက ကိုယ့်ကိုကိုယ် ထိုးဖို့
ဆူးအဖြစ်ရဲရင့်ရမယ်ဆို
အနာဂတ်ကို ကဗျာမစပ်ချင်တော့ဘူး
ချီရွန် ( ပုလဲ )
Comment #2
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ။ ကိုယ့်ကဗျာကိုယ် ပြန်လာဖတ်တော့ သိပ်အားမရဘူး အားပေးတဲ့သူရှိတော့ ဝမ်းသာရပါတယ်။
Comment #3
အိုးးးးးးးး
ကဗျာကောင်းပါပဲဗျ။အားပေးသွားပါတယ်။
Comment #5
ဟုတ်တယ်ခင်ဗျ။ ကျွန်တော်က ပုလဲသားပါ။ ပုလဲ- ဂန့်ဂေါ ဆိုတဲ့ ပုလဲကပါ။ ရန်ကုန်က ပုလဲမဟုတ်ဘူး။ စစ်ကိုင်းတိုင်း ပုလဲကပါ။ ကဗျာကို အားပေးတဲ့အတွက် ကျေးဇူးခင်ဗျ။
Comment #6
တစ်ပုဒ်လုံးကိုကြိုက်တယ်…ကိုချီရွန်ရေ…
100%………………….
လိုင်းပေါ်မတက်ပဲပျောက်နေပါတယ်… 🙂
Comment #1
အိမ်ရှေ့မှာ ဧည့်လာဂမုန်းစိုက်တဲ့
တံခါးပိတ်ထားတဲ့ကောင်ပါကွယ်
လူယဉ်ကျေးတို့ ပါးစပ်ထဲက လူရိုင်း
မျက်နှာချင်းဆိုင်ကြီး ကျောခိုင်းတယ်
..
ကိုချီရွန်(ပုလဲ) …. ကဗျာလေးကြိုက်တယ်…မိုးအားပေးသွားပါတယ်