အမွန်မြတ်ဆုံး ချစ်ခြင်းနှင့်..။
အမွန်မြတ်ဆုံး ချစ်ခြင်းနှင့်..။
တစ်ခါက ။
နေနဲ့လမင်း ဆက်ကြောင်းတစ်ခုနားမှာ ခိုဆင်းတော့
နှလုံးသားနာရီ အချိန်ပျက်ကြားမှာ
ရနံ့ကင်း ပန်းတချို့နဲ့
အနမ်းတို့ မိုးလိုညိုဖို့
ပွင့်လွှာတွေ ဖြန့်ခင်းထားတဲ့ လမ်းထက်
တို့နှစ်ယောက် ကိုယ်စီ ဖြတ်ခဲ့တယ်…….
တစ်ခါက ။
ကြယ်ပန်းချီတွေ ကောင်းကင်မှာပြ
နွေညတစ်ညမှာ
အသွေးအသားနဲ့ စကားလုံးတို့ တည်ဆောက်
နာကျင်မှု့စကားလုံးတို့ ပျောက်လောက်အောင်
အမှတ်တရနဲ့ ဓနိမိုးတစ်ခုအောက်
တို့နှစ်ယောက်,,,,,,,,
မမေ့နိုင်လောက်သော အချိန်တွေနောက်မှာ
ရှည်လျားမှုတွေနဲ့ အတူ ပျှော်ခဲ့တယ်…….
တစ်ခါက ။
စွယ်တော်ရွက် ဆက်စပ်ဥပဒေသတွေနဲ့
နှလုံးသာနှစ်ခုရဲ့ ဗဟိုမှာ တံတားခင်း
မျက်ရည်မြစ်နှစ်စင်းကြားမှာ
မြတ်နိုးမှု့ ကိုယ်စီနဲ့ ပွေ့ဖက်
နားလည်မှုတွေ,,,,,, အတွက်……
တည်နေရာ တစ်ခု,,,,,, အတွက်……
လိပ်ပြာငယ် တောင်ပံတစ်ဖက်နဲ့
ကမ္ဘာကို ဗဟိုပြုလို့ လှည့်ပါတ်ခဲ့တယ်…….
တစ်ခါကနေ့ တစ်ချိန်က ကမ္ဘာ
လက်ရှိကို ရွေ့လျား
ကာလတစ်ခု သက္ကရဇ်ပေါ် ဆက်သွားတဲ့ ခုချိန်
မျှော်လင့်ချက် “” မှိန် “”……
ငါ့ဘ၀ရဲ့ အလင်းအိမ်မှာ
ကုန်ခမ်းစ ပျိုမြစ်လန်းဆန်းမှု့ အလွမ်းငယ် ကိုချိတ်
လရောင်ရဲ့ အနားမှာ…. အထီးကျန်စွာနဲ့လည်း
မြက်ခင်းတွေ အပါးမှာ
မျက်ရည်ဖိတ်လို့ အိပ်ဖူးတယ်…….
တစ်ခါကနဲ့ ခုဘ၀….။
သက္ကရဇ်ခြား ရထားတစ်စင်း ခုတ်မောင်းဆဲမှာ
ကာလဆိုတဲ့ လေပြေကြားကဖြတ်တော့
အသွားအပြန်မဲ့တဲ့ အသိတရားပြတင်းပေါက်နား
လည်ပြန်ကာ ထားသွားတဲ့ မြတ်နိုးမှုသဏ္ဍန်ပါးတွေနဲ့
လွင့်စင်ကျလာတဲ့ ကျန်ရစ်မှု့ ချိုသာမဲ့စကားတွေဟာ……..
မျက်ရည်မြစ်ဖျားမှာလဲ အစတည်တယ်..၊
တိမ်တွေပေါ်မှာလည်း လွင့်ရစ်တယ်..၊
ဟိုစဉ်က အချစ်တွေ…….မတူညီရာ အယူအဆနှစ်ခုကို ချ
ပျှော်ရာကို တို့နှစ်ယောက် စွန့်ပြစ်ကြလို့
“”ကျန်ရစ်ခြင်း အနားသတ္တိမူပြတွေ””,,,, အောက်မှာ
အိမ်မက်တွေထဲက “”အတိတ်တို့သည် ခါးသက်””,,,,၍
“”””””ချစ်ခြင်း၏ ပုံပြမမှန်တော့သော ပစ္စုပ္ပန်တို့သည်
အမွန်မြတ်ဆုံး အေးခဲလေပြီ””””””……..။ ။
ကကြီး။(27.10.11)(2း00am) [email protected]
Comment #1
တစ်ခါကနေ့ တစ်ချိန်က ကမ္ဘာ
လက်ရှိကို ရွေ့လျား
ကာလတစ်ခု သက္ကရဇ်ပေါ် ဆက်သွားတဲ့ ခုချိန်
မျှော်လင့်ချက် ”” မှိန် “”……
ငါ့ဘ၀ရဲ့ အလင်းအိမ်မှာ
ကုန်ခမ်းစ ပျိုမြစ်လန်းဆန်းမှု့ အလွမ်းငယ် ကိုချိတ်
လရောင်ရဲ့ အနားမှာ…. အထီးကျန်စွာနဲ့လည်း
မြက်ခင်းတွေ အပါးမှာ
မျက်ရည်ဖိတ်လို့ အိပ်ဖူးတယ်…….
လုလင် အားပေးသွားပါတယ်