စုန်းပျိုမ၏ ရင်ဝှက်ပန်းသီး
စုန်းပျိုမ၏ ရင်ဝှက်ပန်းသီး
မျိုးရင်းချင်းတူ မျိုးစိတ်ချင်းကွဲလေတော့
ဟောသည့် ချစ်စဖွယ်သစ်သီး
ချိုမြမြ ရှတတ သူ့အရသာကို
သဏ္ဍန်ဆိုးဆိုး အနက်ရောင်ဝတ်ရုံကြီးရဲ့အောက်
ကွယ်ဝှက်ကာထားလေတယ်။
ဗလာဟင်းလင်း ရင်ဘတ်ထဲမှ
တစ်ပင်တည်းသော သစ်ပင်ရဲ့
တစ်သီးတည်းသော သစ်သီး
အဘယ်သို့သော အကြောင်းနှင့်မှ
ကြွေကာမကျ မြေမှာမခ
ဒွိဟသံသယတွေနဲ့ ထိရှလာမိလေတိုင်း
တစ်လောကလုံး မိန်းမောသွားစေနိုင်တဲ့
ရနံ့တွေကို ထုတ်လွှတ်ကာ
ထိုသစ်သီးက သူ့ကိုယ်သူလည်း
အဆိပ်အတောက် ဖြစ်စေတတ်တယ်။
လာထိသူတိုင်းကိုရန်မူ
တင်စီးအကြည့်ကလေးတောင်မှ မခံနိုင်
ဒဏ်ရာအနာတရ အလိုမရှိ
မျိုးစိတ်ပေါင်းစပ်ခြင်းအကြောင်း “သူ” မသိ
ရံဖန်ရံခါမှာတော့
သူ့ကိုယ်သူ “ကြွေသွားခဲ့လေပြီလား” ဆိုသည့်
ခပ်ညံ့ညံ့ မေးခွန်းနှင့်
ထုံမွမ်းထားတတ်သေးသူ။
နက်မှောင်တောက်ပနေတဲ့
သင်္ကာမကင်း အကြည့်စူးစူးတွေ ရှိသလောက်
တစ်ဖဲ့စာ တစ်ကိုက်စာ မြည်းစမ်းကြည့်ချင်ရုံ
ရှေ့တိုးလာသူတို့ရဲ့ ပုံပြင်တွေထဲ
မွေ့လျော်ပျော်ပိုက်
နစ်မျောနေတတ်ပြန်သေးတယ်။
ကမ္ဘာဦးအစကဟု ဆိုရလောက်အောင်
ရာဇ၀င်မတွင်သေးသော သစ်သီး
လာခူးသူတိုင်းကို
အဆိပ်လှိုင်းတိုက်နိုင်သည်ဟုလည်း
သူ့ကိုယ်သူ လီဆယ်တတ်သူ
တခမ်းတနား ဖွဲ့ဆိုရသော်
ရာသီမဲ့ ရပ်ဝန်းထဲမှာ သူနေထိုင်ပြီး
ဘယ်ကောင်းကင်ကမှ အစိုးမရသလို
ဘယ်နက္ခတ်တာရာနှင့်မှလည်း မသက်ဆိုင်
သူ ရှင်သန်ရာဇာစ်မြစ်မှာ
အလှပဆုံး လွင့်စဉ်ပျံဝဲနေသော
အကျည်းတန်လွန်းလှသည့်
စုန်းပျိုမတစ်ယောက်၏ ရင်တွင်း … … ။ ။
မေခက်ဆူး
9 Dec 2011 (Fri)
3:00PM
Comment #3
လှုပ်ရှားနေတဲ့ငြိမ်သက်မှုကို ခံစားလိုက်ရတယ်
ကဗျာကိုဖတ်ပြီးဘာကိုမှန်းမသိဘဲ ထိတ်လန့်သွားမိတယ်
အားပေးပါတယ်ဗျာ
ကိုသျှား
Comment #7
lone wa mike de..
a sate pyin de..
Comment #8
ရာသီမဲ့ ရပ်ဝန်းထဲမှာ သူနေထိုင်ပြီး
ဘယ်ကောင်းကင်ကမှ အစိုးမရသလို
ဘယ်နက္ခတ်တာရာနှင့်မှလည်း မသက်ဆိုင်
သူ ရှင်သန်ရာဇာစ်မြစ်မှာ
အလှပဆုံး လွင့်စဉ်ပျံဝဲနေသော
အကျည်းတန်လွန်းလှသည့်
စုန်းပျိုမတစ်ယောက်၏ ရင်တွင်း … … ။ ။
Comment #9
ကောင်းတယ်ဗျာ…ကဗျာက..တစ်မျိုးလည်းဆန်းတယ် အားပေးသွားပါတယ်။
Comment #10
မေလက်ဆူး…..နာမည်သဘောကျလို့ ဖတ်မိတာ ကဗျာပါ သဘောကျသွားပြီဗျ 😀
Comment #11
အဲအဲ…မှားဖြစ်အောင်မှားသွားတယ် လှတဲ့နာမည်ကို ဖျက်လို့ဖျက်ဆီးလုပ်တာမဟုတ်ပါဘူး.. နော် မမေခက်ဆူး….
Comment #12
အကျည်းတန်လွန်းလှသည့်
စုန်းပျိုမတစ်ယောက်၏ ရင်တွင်း … … ။ ။
Comment #1
ကောင်းတယ်ဗျ..ကဗျာက အောက်ဆုံးအပိုဒ်ကိုသဘောကျတယ်