နောက်ဆုံး နေရာ
အပိုင်းအစ
အချို့တစ်ဝက်နဲ့
အသစ်တစ်ကောင်ပြန်ဖြစ်မိပြန်ပြီ……….
အကောင်းဆုံးရလဒ်တစ်ခုကို
ပိုင်ဆိုင်ချင်ရုံသက်သက်နဲ့
ရင်ဘတ်ကို ဖွင့်ခဲ့မိတာပါ
မပေးမိနိုင်တာတွေကို ခွင့်လွှတ်ပါ
ငါဆိုတဲ့ကောင်က ထောင့်ဆုံးအခန်းထဲက
အမှောင်ဆုံး တစ်နေရာကကောင်ပါ
ဒါပေမယ့်လေ………
လိုအပ်မယ်ထင်တဲ့ အလင်းရောင်အတွက်
ဖယောင်းတိုင်တစ်တိုင်လို လောင်ကျွမ်းရဲပါတယ်ကွာ
ငါ့ရဲ့ အရိပ်ကလေး
အတွက်ပေါ့
ပိုင်ဆိုင်ရလိုမှု အတ္တတွေနဲ့
ငါ့ကိုငါ ဆွဲသွင်းခဲ့တဲ့
လူသတ်ကွင်း အလယ်မှာ
မောဟိုက်ပျော်ပိုက်နေတဲ့
သိုးမဲလေးကို
မင်းရဲ့ရင်ခွင်ထဲမှာ
နောက်ဆုံးဆိုတဲ့ တစ်နေ့အထိ
အိပ်ဆက်ခွင့်ပေးပါနော်………
Comment #2
mike de

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်း၏…။