ဧရာဝတီ(မနော်ဟရီ)
ငါ့ အိမ်မက်တွေထဲ အစဉ်သဖြင့် ရုန်းထရှင်သန်နေခဲ့သော
အသက်ဝိညာဉ်
ငါ ရိုကျိုး ချစ်မြတ်လွန်းစွာ စာဖွဲ့လို့မမီနိုင်ခဲ့သော အလှတရား
ငါ့ သမ္မာတရားတို့နှင့်ငြိမ်းအေးစိမ်းစိုနေခဲ့လေသော
ကောင်းကင်မြစ်တစ်စင်း
အခုတော့လည်း အလျှံတ၀င်းဝင်းတွေကြား တွန့်ကြေတောက်လောင်
တကယ်ဆို ဒါဟာလည်း တငွေ့ငွေ့မှောင်တဲ့ အရောင်တွေပါပဲ
ငါတို့ ဘယ်လိုအရောင်ပြောင်းလိုက်ကြရမလဲ။ ။
မနော်ဟရီ
၂၀၁၁ ဇွန်လ ပိတောက်ပွင့်သစ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1