ဖြေစရာ..
ရူးတယ်နော်..
ချစ်လို့ ရူးတယ်ပြောကြတယ်..
ဒီအချိန်မှာ…
အမေ က ချော့ သိပ်ရင်
အကောင်းဆုံးပါ….
ငါ့ကို ဂျစ်ပစီ..
လို့ပြောကြ…
သရသံ ဖျောက်ပီး..
ရယ်လိုက်မယ်…
ကောက်နေတဲ့ ဆံပင်တွေ နဲ့…
ဟောဒိ နှုတ်ခမ်း ခပ်ပါးပါး က…
ကဗျာတွေ နဲ့ လောက ကြီး ကို ပြူစားဖို့….
ဒါမှ မဟုတ်…
တစ်ကောင် ကောင်ကို ချောက်တွန်းဖို့…
နတ်သီမီးအတွက်
အလွမ်းတွေ တော ထွက်သွားလို့…
ပန်ခ့်  သီချင်းတီး ပီး..
ကော်ဖီ နှစ်ခွက် ဆင့် သောက်တယ်….
ခံစားမှု ဆိုတာ
စိတ်က မောင်းနှင်ရတာ မဟုတ်လား….
လူတစ်ယောက်ကို
လိုက်ချစ်ရတာထက်..
သံယောဇဉ်တွေ ကို စနက်တံဖြုတ်
ဆေးလိပ်လုပ် သောက် ပလိုက်တယ်…..
Comment #2
kaung lar?

Comment #3
လူတစ်ယောက်ကို
လိုက်ချစ်ရတာထက်..
သံယောဇဉ်တွေ ကို စနက်တံဖြုတ်
ဆေးလိပ်လုပ် သောက် ပလိုက်တယ်…..။…..။

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လူတစ်ယောက်ကို
လိုက်ချစ်ရတာထက်..
သံယောဇဉ်တွေ ကို စနက်တံဖြုတ်
ဆေးလိပ်လုပ် သောက် ပလိုက်တယ်…..။…..။