………….စပ်ကူးမပ်ကူး ………..( sharon )
အချစ်
အဲဒီလှိုင်းဂယက်ပေါ့
အဆုံးအစမဲ့ မျောပါမိတာ
ကဗျာတပုဒ်ကို ကဗျာတပုဒ်ချစ်တတ်သွားတဲ့ နေ့ ကပေါ့
နာလန်မထူနိုင်အောင်ကျရှုံးခဲ့ ရတယ်
အမှန်က
တခါးစေ့ရုံမာနကအဖျားခတ်လေးပဲပေါ့
အဲဒါနဲ့ ပဲကောင်းကင်မှားတဲ့ ကြယ်ဖြစ်သွားရောလား
နင်က
ထိရှတွယ်ငြိမြတ်နိုးဖွယ်ကဗျာလေးပါပဲ
လွမ်းတိုင်းအချစ်တွေကိုထုတ်ထုတ်ကြည့်နေမိတယ်
ကိုယ့်လက်ထဲမှာပွင့်ဖူးတဲ့ ပန်းတပွင့်အကြောင်း
ခဏတိုင်းတွေးတွေးနေမိတာ ငါဟာအရူးတယောက်လိုပဲချစ်ရယ်
တကယ့်တကယ်တော့
ဒဏ်ရာတွေ ကိုရင်မှာဝှက်ထားခဲ့ ရတယ်
ပန်းသွေးချယ်တဲ့ လွင်ပြင်မှာ
အလွမ်းတွေကို သပ်သပ်ရပ်ရပ်ထုပ်ပိုးထားတယ်
ဒဏ်ရာတွေကိုတယုတယထွေးပွေ့ ထားရဲပါတယ်
နူးညံ့မှုတွေအတွက်လဲ ဒူးထောက်ရဲပါတယ်
ထိမှန်ခဲ့ တဲ့ မြှားချက်တွေ ကိုသက်တမ်းမလွန်စေနဲ့ ပေါ့
အမှတ်တရတွေကိုလဲအမှတ်တမဲ့ မဖြစ်စေနဲ့ ပေါ့
နောင်တတွေလဲမရချင်တော့ဘူး
မင်းနဲ့ တွေ့ တဲ့  ” ခဏ ” ဆိုတဲ့ အခိုက်အတန့် မှာ
မျက်ရည်မဲ့တဲ့လွင်ပြင်လေးကို ” ခဏ ” လေးတော့ မော့သောက်ချင်မိတာ
နုနုထွေးနွေးတဲ့ အနမ်းတွေချွေ
နှုတ်ခမ်းလေးတွေကအချစ်ကိုဆေးချယ်
အချစ်ရယ်
ရိုးရိုးလေးပဲပြောပါရစေ
လွမ်းလိုက်တာ
ခုထိတော့
နိုးစအရုဏ်လင်းသည်ထိ
ငါ………..
ကြယ်ငေးနေရတယ်…………
……… sharon …….. 10.12.2011 ..5:13 pm
Comment #2
sharonရေ…….
ကဗျာတစ်ပုဒ်ကို ကဗျာတစ်ပုဒ်ချစ်မိသွားတဲ့နေ့ကပေါ့
နာလန်မထူအောင် ကျရှုံးခဲ့ရတယ်
ရင်ပွင့်အောင်မှန်တယ်ဗျာ
ခင်မင်စွာ အားပေးလျှက်
ကိုသျှား
Comment #4
right,
Comment #5
ကောင်းပါတယ်..ခံစားချက် tempo ကိုမြင့်ပြီး ထိမိတဲ့
စကားလုံးတွေကို သုံးစေချင်တယ်..သူငယ်ချင်း
Comment #7
တခါးစေ့ရုံမာနကအဖျားခတ်လေးပဲပေါ့
အဲဒါနဲ့ ပဲကောင်းကင်မှားတဲ့ ကြယ်ဖြစ်သွားရောလား
…………………………………………………………….
..
ကြိုက်တယ်ဆိုတာထက်ပိုပြောချင်တယ်….ဗျာ
Comment #8
ကြိုက်တယ်ဗျ…အားပေးသွားပါတယ်။
Comment #11
အင်းအကျိုးနည်းကဗျာဗျာ ကောင်းလိုက်တာမျောရယ်
နုနုထွေးနွေးတဲ့ အနမ်းတွေချွေ
နှုတ်ခမ်းလေးတွေကအချစ်ကိုဆေးချယ်
အချစ်ရယ်
ရိုးရိုးလေးပဲပြောပါရစေ
လွမ်းလိုက်တာ
ခုထိတော့
နိုးစအရုဏ်လင်းသည်ထိ
ငါ………..
ကြယ်ငေးနေရတယ်………
Comment #13
ကဗျာကောင်းလေး တစ်ပုဒ်ပါ…..
Comment #15
so so niceeeeeeeeeee
Comment #17
thz so much par,fri.
same to u naw.
Comment #18
read 5 times.
he,,he,,
kyike loh
Comment #20
အားပေးသွားပါတယ်ခင်ဗျာ…။ကဗျာလေးတွေသဘောကျပါတယ်…။
Comment #22
hote ke,,
hote ke,,
Comment #23
OKIE OKIE 😀
Comment #24
*__*
*__*
*__*
Comment #25
^_^
^_^
^_^
Comment #26
🙁
Comment #27
grai dum ai.
Comment #1
လွမ်းတိုင်းအချစ်တွေကိုထုတ်ထုတ်ကြည့်နေမိတယ်……….
ဒဏ်ရာတွေ ကိုရင်မှာဝှက်ထားခဲ့ ရတယ်
ပန်းသွေးချယ်တဲ့ လွင်ပြင်မှာ
အလွမ်းတွေ ကိုသပ်သပ်ရပ်ရပ်ထုပ်ပိုးထားတယ်
ဒဏ်ရာတွေကိုတယုတယထွေးပွေ့ ထား၇ဲပါတယ်…………..
အချစ်ရယ်
ရိုးရိုးလေးပဲပြောပါရစေ
လွမ်းလိုက်တာ
ခုထိတော့
နိုးစအရုဏ်လင်းသည်ထိ
ငါ………..
ကြယ်ငေးနေရတယ်………… ( အရမ်းကောင်းပါတယ်)