အလွမ်းကိုက်ခံရတဲ့ ပန်းသီး ………………. ချီရွန် ( ပုလဲ )
“ အလွမ်းကိုက်ခံရတဲ့ ပန်းသီး ”
ဘယ်နှစ်ရာသီရှိပြီလဲ
အငှားချခံထားရတဲ့ သစ်သီး
မြေကြီးပေါ် သုညတွေ ပေလူးလို့
မတော်ဘဲ ဆောင်းထားရတဲ့ ဦးနှောက်
အချိန်ရတိုင်း မြောင်းထဲဆင်းမယ် ပြောတယ်
ဘာကြာသေးလို့လဲ
အရေခွံအသစ်လဲထားတာ
ငါ့ ဖိနပ်တွေ ပြန်ပေးပါ တိမ်တိုက်တွေရယ်
ဝဲလွင့်ပျံသန်းမှုမှာတောင် နိမ့်နိမ့်ပါးပါးကောင်ပါ
နန်းတော်ထဲက ဂျစ်ပစီဖဲတထုပ်ထဲ
ပင့်ကူတစ်ကောင်ရဲ့ ပါးစပ်နဲ့
ဂျိုကာတစ်ကောင်ကို မျှားတယ်
နေရာစုံ ခြေကားယား လက်ကားယားနဲ့
ငါ့ကိုယ်ငါပဲ ပြန်ပြန်မိနေတယ်
ဇာတာထဲ ပါတာတွေ မေ့လိုက်
ပြက္ခဒိန် ဘယ်နှစ်ခု အသစ်ရိုက်ပေးရမလဲ
ခင်ဗျားလည်း မသိဘူး ကျွန်တော်လည်း မသိဘူးမလား
ကဲ ဒါတွေထားလိုက်ဗျာ သောကြာခန်းမှာ
သန်းဝေမှုအေးစက်စက်ထဲ အိပ်ပျက်ညတွေ
တဖြုတ်ဖြုတ်ကြွေကျရင်း အလွမ်းဆွဲအားကို တွေ့ရှိ
ပန်းသီးကတော့ ကိုယ် တကိုက်လောက် စားမိတယ်
ချီရွန် ( ပုလဲ )
Comment #3
ကဲ ကျွန်တော်ဘာမှပြောစရာ မလိုတော့ဘူး
အဲဒီလိုပဲ ယုံတယ်ဗျာ
ခင်မင်စွာအားပေးလျှက်
ကိုသျှား
Comment #6
သြော် ဒါပေမဲ့ အရင်က လွတ်လပ်သောကာရံပါတဲ့ မော်ဒန်လေဗျာ။ အခုက ကာရံကို ဦးစားပေးမထားဘူး။ အဲဒါကို ပြောတာပါ အကိုရာ။
Comment #7
သောကြာခန်းမှာ
သန်းဝေမှုအေးစက်စက်ထဲ အိပ်ပျက်ညတွေ
တဖြုတ်ဖြုတ်ကြွေကျရင်း အလွမ်းဆွဲအားကို တွေ့ရှိ
…………………..
နှစ်သက်ခြင်းများစွာဖြင့် အားပေးသွားပါတယ်
Comment #1
တကိုက်ပဲစားနော်။.
တကိုက်ပီးတကိုက်တော့မစားမိစေနဲ့ အိပ်ရေးထပ်ပျက်မယ်နော်……:P 😛