Professional Authors

ဖြူစင်ချစ်ခြင်း

ခက်ထန်မှုတွေ
ရိုင်းစိုင်းမှုတွေ
နာကျဉ်းမှုတွေ
ရက်စက်မှုတွေ
ကြမ်းကြုတ်မှုတွေ
ကြားထဲက
အလှ ပဆုံးစာသား
အလှ ပဆုံးတေးသွား
တို့လူသားတွေ စပ်ကြမယ်….
နိုင်ငံတော်အတွက်
တို့ လူမျိုးအတွက်
တို့ချစ်တဲ့လူတွေနဲ့
တို့ချစ်တဲ့ကမ္ဘာမြေကြီးအတွက်……….
အမုန်းတွေ
ပြိုင်ဆိုင်မှုတွေ
မာနတွေ
ရန်လိုမှုတွေ
ခ၀ါချ
ဘ၀ဆိုတဲ့
ခဏတာ ကို
တိုတတွေပိုင်ဆိုင်ခွင့်ရတုန်း
အချစ်နဲ့အသက်ဆက်ပြီး
အမြတ်ထွက် အောင်လုပ်ကြစို့
တို့ကို တို့ချစ်ကြစို့
တို့ ကလေးတွေကိုတို့ ချစ်ကြစို့
တို့ နိုင်ငံကို တို့ချစ်ကြစို့
တို့ မိခင် တွေ ဖြစ်မယ့်
အမျိုးသမီးတွေကို တို့ချစ်ကြစို့
တို့ ကို ပြုပြင်ပေးမယ့်
စာပေတွေကို တို့ချစ်ကြစို့
တို့ တွေ ရဲ့ သဘာဝ
မြစ်ချောင်းတွေကို တို့ချစ်ကြစို့
တို့ တွေ ရဲ့အသက်
သစ်တော တွေကို တို့ချစ်ကြစို့
တို့တွေ ရဲ့ အလှ
အဖိုးတန် သယံဇာတ တွေကို ချစ်ကြစို့
ကဲ အရာရာကို ချစ်တတ်တဲ့
တို့တတွေလဲ အချင်းချင်းလည်း ချစ်ကြစို့……….။

In: ကဗျာ Posted By: Date: Dec 11, 2011
Comment #1

ကောင်းမွန်လွန်းတဲ့ရည်ရွယ်ချက်ရှိတဲ့ နှိုးဆော်ကဗျာလေးပဲ
အားပေးပါတယ်

commentinfo By: မောင်ချမ်းအေး at Dec 12, 2011
Comment #2

he,,he,,
good,,,better,,,best,,,
so so nice,

commentinfo By: ei lay at Dec 12, 2011
Comment #3

soooooooooooooooooooooo likeeeeeeeeeeeeeeeeeeeee

commentinfo By: ei lay at Dec 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment