ခရီးတခေါက်
မွေးနေ့အမှတ်တရ
သွားတဲ့ခရီးက စစ်ကိုင်းပေါ့
ဘုရားဖူးဖို့သက်သက်နဲ့
ချစ်တဲ့မိဘတွေနဲ့သွားခဲ့တယ်
ဘာပကာသနမှမပါပေမယ့်
တကယ်ပျော်ရတယ်
မပျော်ဘဲနဲ့
အသက်ရှင်ခဲ့ရတာ
ဘယ်လောက်တောင်ကြာနေပြီလဲ….
မုန်တိုင်းတွေကိုကျော်ဖြတ်ပြီး
သက်ပြင်းတွေကိုအဖော်လုပ်ရင်း
ပျော်ချင်ယောင်ဆောင်နေရတာတွေကများလွန်းတော့
တခါတရံရဲ့ အေးမြပျော်ရွှင်ခြင်းတွေက
တော်တော်လေးကိုခရီးရောက်လေရဲ့
ဒီ ခရီးကတော့
ကျွန်မရဲ့ ပျော်ရွှင်ခြင်းတွေဆီ
အလည်တခေါက်
ဒါမှမဟုတ်
ပျောက်ဆုံးခဲ့သော ပျော်ရွှင်ခြင်းတွေပြန်ကောက်တွေ့တဲ့
ခရီးတခေါက်ပါပဲ…။
Comment #4
ပျော်ရွှင်ခြင်းတွေပြန်တွေ့သွားတာ ဝမ်းသာအားရဖြစ်မိပါကြောင်းးး 🙂

Comment #5
ဟုတ်တယ်ဗျ..၀မ်းသာပါတယ်။

Comment #6
sound great

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဝမ်းသာလိုက်တာညီမလေးတွက်…….