ဂွတ်နိုက်ပါ ချစ်သူ
မင်းအတွက် ရေးသား ကဗျာစာသားတွေ
ငါရွတ်ဆိုပြမယ်
မင်းအတွက် ဖော်ထုတ် သီချင်းသံစဉ်တွေ
ငါဆိုညည်းပြမယ်
ငါ့နဲ့မင်းရဲ့ စိတ်ကူးအိပ်မက်တွေ
တိုးတိုးညင်းညင်း ပြောပြမယ်
အေးစက်နေတဲ့ မင်းရဲ့လက်ကလေး
ဆုပ်ကိုင်နွေးထွေးစေမယ်
ပူပန်မှုတွေ ဖယ်ထုတ် မင်းရင်ခွင်အစုံ
ငြိမ်းအေးစေမယ်
ငါ့ပုခုံးတစ်စုံ မင်းအားငယ်ချိန် မှီတွယ်ဖို့
အမြဲအဆင်သင့်ပြင်ဆင်ထားမယ်
ငါ့ အနမ်းဖွဖွ မင်းနဖူးထက် သက်ဆင်းလို့
ရင်မှသွန်းဖြိုး မေတ္တာမိုးကြောင့် အေးချမ်းပါစေ
နှုတ်ဆက်လိုက်တယ်
ဂွတ်နိုက်ပါ ချစ်သူ…..
Comment #2
good night,,
sweet dream.
miss u.
he,,he,,

Comment #3
အီလေးေ၇ ကြိုက်တယ် good night my love

Comment #4
yes,,shin ma,
but,,,,,,,,,,,,,,,,
now i m petulant with him that can’t say “good night & sweet dream”
ha,,ha,,
thz u par,,,same to u naw,

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ငါ့ပုခုံးတစ်စုံ မင်းအားငယ်ချိန် မှီတွယ်ဖို့
အမြဲအဆင်သင့်ပြင်ဆင်ထားမယ်
အားပေးသွားပါတယ်။