သုညလမ်း – ချီရွန် ( ပုလဲ )
ကျွန်တော်
သူများတွေကိုလည်း ကျွန်တော် ဖြစ်စေချင်တယ်
သူတောင်းစားလည်း ကျွန်တော်
သူခိုးလည်း ကျွန်တော်
သူဌေးကြီးလည်း ကျွန်တော်
ကျောင်းဆရာလည်း ကျွန်တော်
ဘုရာပေါ်က အဆင်းမှာ
အတ္တလှေကားထစ်ကို ကျွန်တော် နင်းဖြတ်ချေခဲ့
အဆုံးမဲ့ မဟုတ်ရင်တောင်
အသုံးတည့်မှာတော့ သေချာတယ်
လူတွေကို လူတွေလို ဆက်ဆံရင်း
ဆေးရောင်စုံ … ဘောင် …. အသေ …. အစွဲ
ကျွန်တော် အားလုံးနဲ့ ကွဲလွဲ ပေါင်းစည်းတတ်လာတယ်
ရှိခြင်းကြောင့် မရှိခြင်းလောကအကြောင်း
ပေါင်းမြက်ပင်က စာလုံးပေါင်းပြတယ်
ဟုတ်ကဲ့ ကျွန်တော် ဦးညွတ်လိုက်တယ်
စာအုပ်တွေထဲက ထွက်လိုက်တော့
ကျွန်တော် တော်တော် အိုနေပြီ
အပြင်မှာ လင်းနေတာကိုမြင်မှ
စာအုပ်ထဲက အမှောင်ကို တွေ့တယ်
အမှန်တရားကို ကျွန်တော် လိုက်ရှာတယ်
ကျွန်တော့်ရင်ထဲက စကားတခွန်းပြောတယ်
မင်း ငါ့ကိုတောင် ရှာတွေ့လို့လားတဲ့
ဟုတ်တယ် အမေ
ကျွန်တော်က ကိုယ့်စိတ်ကိုယ်တောင်
ဘယ်မှာမှန်း မသိတဲ့ ကောင်ပါ
ကိုယ့်ကိုကိုယ် မလိုက်လျောရင်း
တဖြည်းဖြည်း လိုက်လျောတတ်လာတော့
လမ်းတွေကလည်း ဖြောင့်လာရော
မညီမျှမှုတွေကို ညီမျှအောင် မကြိုးစားတော့ဘူး
အဲဒါဟာ ….
ညီမျှခြင်းတွေကို မညီမျှအောင်လုပ်ခြင်းနဲ့ တူတယ်
ပန်းတိုင်သို့ ကျွန်တော် မသွားပါ
မသွားခြင်းကပင် ရောက်နှင့်ပြီးဖြစ်ကြောင်း
သင် သိကောင်း သိပါလိမ့်မည်
ကဗျာတပုဒ်ကို ကျွန်တော်ရေး၏
ကဗျာကလည်း ကျွန်တော့်ကို ရေး၏
ကဗျာနှင့် ကျွန်တော်သည်
သုညတစ်လုံးကို အတူတူ ရေးမိခြင်းသာဖြစ်၏
ချီရွန် ( ပုလဲ )
Comment #2
ကဗျာတပုဒ်ကို ကျွန်တော်ရေး၏
ကဗျာကလည်း ကျွန်တော့်ကို ရေး၏
ကဗျာနှင့် ကျွန်တော်သည်
သုညတစ်လုံးကို အတူတူ ရေးမိခြင်းသာဖြစ်၏
Comment #3
Too good to judge
Comment #5
မညီမျှမှုတွေကို ညီမျှအောင် မကြိုးစားတော့ဘူး
အဲဒါဟာ ….
ညီမျှခြင်းတွေကို မညီမျှအောင်လုပ်ခြင်းနဲ့ တူတယ်
အားပေးသွားသော Innwathulay ၊ ကိုအောင်မော်ဟိန်း နှင့် အသဲကွဲမိုး တို့အား အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း
Comment #1
ကိုလေး၊
သူဌေးကြီးတော့ဖြစ်ချင်ဖြစ်ပါ။ သူတောင်းစားတော့မဖြစ်လိုက်ပါနဲ့။ ကိုလေးညီမ အငယ်က ကိုလေးဆီက အမွေတောင်းရဦးမှာ မို့လို့လေ။
ကိုလေး။
ကဗျာတွေအရမ်းကောင်းတယ်။အငယ့် အကို ဒီလောက်တော်မှန်း အငယ်မသိပါဘူး။