* သူ့.. ကို ခေါင်းစဉ်…တပ်ပေးပါ*
သူ့ဦးနှောက်က…..ခေတ်ပေါ် ” မြာ ” ကလေးတွေ ရဲ့
ဝတ်စားဆင်ယင်ပုံမျိုး….
.. ယုတ္တိဗေဒ ကို သူမယုံတာကြာပြီ တဲ့…..။
အမှန်ကန်ဆုံးအမှန်တရားတွေနဲ့
အမှားတွေအမှားတွေကြားက
ရှုပ်ထွေးနေတဲ့အရာတွေ
ဗေဒင်ဆရာ……ပစ်ချလိုက်တဲ့
ကြွေအံ့စပေါ် က…ကံစမ်းမဲတွေလို.
….. အရာအားလုံးအတွက် …အဖြေဟာ
” နှုတ်တစ်ရာ…စာတစ်ကြောင်းတည်း နဲ့…မပြီးဘူး”
(သူ့မျှော်လင့်ချက်မှာ.. ယုံကြည်မှုက.. ၅ပိုင်း ၁ပိုင်း ပါ တယ်)
ဒါ ဟာ … လောကကို သူလှည့်စား ခဲ့ တဲ့ မာ ယာ ဖြစ် တယ်
လူ့အဖွဲ့အစည်းထဲက အထီးကျန်နေတဲ့ သူဖြစ် တယ်..
. သူဟာ….သောင်မထွန်းခဲ့ဘူးတဲ့ ပင်လယ်ကမ်းစပ်တစ်ခု
ကောင်းကင်နီညှိက…မှုတ်ထုတ်လိုက်တဲ့
လောကဓံနတ်သမီးအို….တစ်ပါးပါးရဲ့ ပ၀ါစတွေ
ဆင်တွေရဲ့ကိုယ့်အမြှီးကိုယ်.. ပြန် မမြင်ရသလို မျိုး
အိပ်မက်တွေကို…
သူဘယ်တုန်းကမှ ပြန်မမှတ်မိတော့သလို မျိုး
သူရဲ့ စိတ်ခန္ဒာ ကိုယ် ကို…
တစ် ခါ ဘူး မှ….. သူ .. မ….သိ…..ခဲ့….ဘူး…။
Comment #3
ကောင်းတယ်ဗျ။အားပေးသွားပါတယ်။
ွ
Comment #1
ဆင်တွေရဲ့ကိုယ့်အမြှီးကိုယ်.. ပြန် မမြင်ရသလို မျိုး
အိပ်မက်တွေကို…
သူဘယ်တုန်းကမှ ပြန်မမှတ်မိတော့သလို မျိုး
သူရဲ့ စိတ်ခန္ဒာ ကိုယ် ကို…
တစ် ခါ ဘူး မှ….. သူ .. မ….သိ…..ခဲ့….ဘူး…။
………………………………..
နှစ်သက်ခြင်းများစွာဖြင့်