မင်းနားကြားလွဲပေးပါ။
ဒို့အသဲက ထိကရုံးပင်လေးလိုပါ
လာမကစားပါနဲ့လား
Don’t touch me !
Touch me not !
မင်းရဲ့ ရှေ့မှာဆို
နားရွက်ကလေးတွေ ပူထူပြီး
ငါဟာ
စကားလုံးတွေ ဆွံ့အသူပါ။
ဒါဟာ
ငါ့အဖြစ်ပါ။
သို့ပေမယ့်
နင် သိလို့မဖြစ်ဘူး
ဒါပေမယ့် 
နင် သိထားဖို့က
ငါ…နင့်ကို…….တယ်။
ကျေးဇူးပြု၍
ငါ့အနားကို လာမတိုးပါနဲ့
ငါ့ရင်ခုန်သံတွေ
နင်ကြားသွားမှာ စိုးလို့ပါ
ကျေးဇူးပြု၍
စကားပြောရင် သွယ်ဝိုက် မပြောပါနဲ့
ပရိယာယ် တွေကြောက်ရွံ့လို့ပါ
ကျေးဇူးပြု၍
တစ်ထောင့်ငါးရာအကြောင်း
စကားလာမစပါနဲ့
ငါလည်း အဲဒီအကြောင်း
စကားစမိရင်
မင်းနားကြားလွဲပေးပါ။
ကျေးဇူးပြု၍
ငါ့အသဲကို လာမကစားနဲ့
ဒို့အသဲက ထိကရုံးပင်လေးမို့လို့ပါ။
Comment #2
ဟာ….ကြိုက်သွားပြီးကွာ…
ခံစားအားပေးသွားပါတယ်။ကျေးဇူးပြု၍
ငါ့အနားကို လာမတိုးပါနဲ့
ငါ့ရင်ခုန်သံတွေ
နင်ကြားသွားမှာ စိုးလို့ပါ
By: poem.poem28 at Dec 14, 2011
Comment #4
ချစ်စရာကောင်းတဲ့ကဗျာလေးပါပဲ
By: အသဲကွဲမိုး at Dec 14, 2011
Comment #6
ငါသေလို့ရဒယ်ကွာ..
ကဗျာလေးအရမ်းလှပါဒယ် ~
With respect,
RAY
By: X - ray at Jul 25, 2014
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
har,,,,.
shin be lo lu tone,..
a te tway yar lar p naw.