ခေတ် မော်ဒန် ဘယ်သူသိလဲ
အတိတ်နေ့ရက်များ အိုဟောင်းနေပါလျက်
မနေ့က လောကဇာတ်ခုံပေါ်မှာ
ပြဇာတ်ခင်းကျင်းရင်း ခရီးထွက်ခဲ့ကြတယ်
အမှတ်တမဲ့ အိုဟောင်းနေတဲ့
ရေကန်ဟောင်းလေးရှေ့ ဖားငယ်တကောင်
အရှိန်လွန် ရှောင်တိမ်းရင်း
မခုန်ချရဲ့တဲ့ ရေကန်ထဲ
မကူးတတ်ပဲ ခုန်ဆင်းမိတော့
အသံကြားလိုက်တာ ဝစီအထင်နဲ့
ကားတွေရပ်တန့်သွားခဲ့ပြီ
နောက်တော့ နဘေးက
တေလေတကောင်က အလေးပြုချီတက်ရင်း
တောင် မြောက် သွား လမ်းကလေးကို
လမ်းညွန်နေတယ် မောင်းသူတွေက
အံကြိတ်ရင်း ဂါထာတွေပေးလိုက်တာ
ငါ…တောက်… ဘယ်လို ကောင်လဲ
အရူးတကောင်လို ကျိန်စာတိုက်ပြီ
အဝေးပြေး လမ်းမကြီးထဲ
လိုင်စင်မရှိ ကာရံမိမိနဲ့
တေးသွားညည်းတွားရင်း ခရီးဆက်ခဲ့
ပန်တိုင်ခရီး မရောက်သေးတဲ့
ပြေးလမ်းပေါ်မှာ ခဏရပ်တန့်ပြီ
ဝယ်ချင်တဲ့ ပစ္စည်းတွေ
အကုန်ဝယ်ထည့်ရင်း စည်းမဲ့ကမ်းမဲ့
ခြင်းတောင်းထဲ ဟိုနေရာက ပေါက်
ဒီနေရာက ကိုးရိုကားယားနဲ့….
မော်ဒန်ခေတ်ကြီးထဲ တိုးဝင်တိုက်ပျက်ရင်း
ကာရံတွေလည်း ပဲ့ကျ
တန်ဆာတွေလည်း ကမောက်ကမ
ဟန်မကျတဲ့ အရိပ်တွေက
ထောင်းထောင်းထနေတဲ့ ဖုံမှုန့်တွေလို
လိမ်းကျံချိုးဖောက်လို့
အင်္ကျီစတွေလည်း ထင်ရစိုင်းဝတ်ကြ
မြင်သူတွေ ရိုင်းကြတဲ့
ဒီခေတ်ထဲ ဘယ်သူသိမှာလဲ…။
တက္ကသိုလ်မြတ်မင်း
Comment #1
NicEEEEEEEEEEEEEEEEE .