မော်ဒန် ခြင်းတောင်းပျက်လေး
ပတ်ဝန်ကျင် အသိုင်းဝိုင်းက
ကျေးငှက်တွေတိတ်သော်လည်း အော် ကြော လန်
ခရာသံတွေပေးလို့ ညမီးရောင်အောက်
ဈေးတန်းလေးက စပီကာတွေနဲ့
အော်ဟစ်နေရင်း ဈေးတန်းရှိရာ
လမ်းလျှောက်လာခဲ့တဲ့ ဈေးဝယ်သူက
လက်ဆွဲခြင်းကို ဟန်ပါပါ ကိုင်ဆောင်ရင်း
လိုရာပစ္စည်းတွေ ဆွဲခြင်းထဲ ထည့်ခဲ့လို့
မလုံ့တလုံ ခြင်းတောင်က
ဟိုနေရာက ပေါက်
ဒီနေရာက ပေါက်
ဟိုနေရာ လျှံထွက်
ဒီနေရာက လျှံထွက်
ကြည့်ရတဲ့သူ စိတ်မချမ်းမြေ့ စရာ
သူ့ဖြစ်ရပ်ကို ငေးကြည့်ရင်း
ရင်တမော့မော့ ခေါင်းတမော့မော့နဲ့
ရင်သက်ရှုမောလောက်အောင် ဖြစ်ခဲ့ရ
ဈေးသည်ကလည်း အော် ကြော လန်
ဈေးဝယ်သူကလည်း အလန်းတွေနဲ့
ခေတ်ဇာတ်ကို ဖောလိုလိုက်ရင်း
ခြင်းတောင်းလည်း ပျက်ခဲ့ပြီ…..။
တက္ကသိုလ်မြတ်မင်း
Comment #2
ခုတော့ခြင်းတောင်းတွေပြန်ကိုင်နေတာတွေ့ရတယ်..
ကျွတ်2အိတ်တွေအသုံးမ၀င်တော့ဘူးလေ……….
အားပေးသွားပါတယ်…

Comment #4
အားပေးသွားပါတယ်။ခြင်းတောင်ပျက်လေးကို…

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
he,,he,,,
nice story.